Ch 153: ငါဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး/ငါဘယ္ေတာ့မွ ေနာင္တရမွာမဟုတ္ဘူး

9.1K 1.1K 48
                                    

(Unicode)

ချီချန်သည် လင်ချင်းယဲ့နှင့် သူ၏အသွေးအသားများ ပေါင်းစပ်ရောနှောသွားလိုသည့်အတိုင်း သူ၏ခွန်အားကို ထပ်လောင်းလိုက်သည်။

သူသည် လင်ချင်းယဲ့၏ တောက်ပသော မျက်လုံးများကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာဆို၏။

"အစ်ကိုချင်းယဲ့.. မင်းက ငါ့အတွက်ပဲ။ ငါကသာ မင်းအတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်တယ်"

ချီချန်သည် ငုံ့ကိုင်းကာ လင်ချင်းယဲ့အား အိပ်ရာထက်၌ ပုံသေဖိနှိပ်ထားပြီး တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူသည် ကြောက်ရွံ့သော်လည်း စိတ်အားထက်သန် နေသော မျက်လုံးများဖြင့် လင်ချင်းယဲ့အား ချစ်မြတ်နိုးစွာ ကြည့်နေလေ၏။

ချီချန်သည် အံကြိတ်ကာ သူ၏မျက်လုံးများကို ဖုံးထားရန် လက်ကိုဆန့်လိုက်သည်။ သူသည် အစ်ကိုချင်းယဲ့၏ သေရည်မူးနေမှုကို အခွင့်ကောင်း ယူခဲ့ပြီး အစ်ကိုချင်းယဲ့ ခဲ့ရွမ်အတွက် သူ့ကို အထင်လွဲစေခြင်းကိုလည်း အခွင့်ကောင်းယူခဲ့သည်။

အစ်ကိုချင်းယဲ့ နိုးလာပြီးနောက် သူ့ကို အရှက်မရှိ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ကျိန်ဆဲကာ သူ့အား သတ်ပစ်ချင်နေရင်တောင် ချီချန်သည် သူလုပ်ချင်သော အရာကို ဆက်လုပ်နေဆဲဖြစ်သည်။

နှစ်ပေါင်းများစွာကြာအောင် ချစ်မြတ်နိုးခဲ့ရတဲ့သူကို စွန့်လွှတ်ဖို့ ဘယ်လိုဆန္ဒရှိနိုင်မှာလဲ။

"တောင်းပန်ပါတယ် အစ်ကိုချင်းယဲ့"

"ငါမင်းကို ချစ်တယ်"
.......

နောက်တစ်နေ့မနက်တွင် ခဲ့ရွမ်သည် အပူဒဏ်ကြောင့် နိုးလာခဲ့သည်။ သူသည် မနေ့ညတုန်း အပူဒဏ်ကို မခံစားရတာကြောင့် မဟုတ်ပေ။ ဒီအတိုင်း ပင်ပန်းလွန်းလို့သာ လျစ်လျူရှုထားခြင်း ဖြစ်သည်။ မျက်လုံးဖွင့်ဖို့နေနေသာသာ လှုတ်တောင် မလှုပ်ချင်ခဲ့ပေ။

သဘာဝအတိုင်း အပူဒဏ်ကိုမခံနိုင်တော့ဘဲ နိုးလာသော အခါတွင် သူ့အသိစိတ်တစ်ခုလုံး ပြန်လည်ကောင်းမွန် လာသည်။ သူ ပထမဆုံးခံစားရသော အရာသည် သူ့ခန္ဓာကိုယ်ပေါ်မှ ခက်ခက်ခဲခဲ အသက်ရှူနေသော အသံပင်။ အပူချိန်က မြင့်မားပြီး အသက်ရှူသံက လေးလံနေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now