Ch 102: ပထမဆုံးတွေ့ဆုံမှု/ပထမဆုံးေတြ႕ဆုံမႈ

8.3K 1.2K 25
                                    

(Unicode)

စစ်ယွိဟန်သည် အချိန်အကြာကြီး သယ်မသွားနိုင် လောက်အောင် လေးလံလာသည်။

ခဲ့ရွမ် ကုတင်ပေါ်ထိုင်ချလိုက်ပြီး စစ်ယွိဟန်ကို သူ့ရင်ခွင်ထဲထည့်ကာ ကုတင်အတွင်းဘက်သို့ လှည့်လိုက်သည်။

သူက စစ်ယွိဟန်ရဲ့ လက်ကို ညင်သာစွာ ပုတ်ပြီး ပြောလိုက်၏။

"လိမ္မာတယ်နော်.. လက်လွှတ်လိုက်။ မင်းလက်ကို အဖိခံထားရင် သက်သာမှာ မဟုတ်ဘူး"

စစ်ယွိဟန်က မတုံ့ပြန်ပေ။

ခဲ့ရွမ်က ဆက်ပြောလိုက်၏။

"ငါ မင်းကို ဖက်ထားပေးမယ်.. မင်းလက်ကို လွှတ်လိုက်နော်"

စစ်ယွိဟန် လှုပ်လိုက်သော်လည်း သူ့လက်ကို မလွှတ်ပေ။

ခဲ့ရွမ် သက်ပြင်းချပြီး သူ့ကိုပွေ့ဖက်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။

"ငါမင်းကို ဖက်ထားတယ်.. မင်းလက်ကိုလွှတ်ပြီး လိမ်လိမ်မာမာ အိပ်တော့"

စစ်ယွိဟန်သည် ခဲ့ရွမ်၏ ရင်ဘတ်ကို ပွတ်သပ်ရင်း နောက်ဆုံးတွင် သူ့လက်ကို လွှတ်လိုက်လေသည်။

ခဲ့ရွမ်က သူ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

"ပျော်အောင်အိပ်ပါ.. ငါမင်းနဲ့အတူရှိနေတယ်"

စစ်ယွိဟန်သည် ခဲ့ရွမ်၏ခန္ဓာကိုယ်မှ ထူးခြားသော မြေသင်းရနံ့ကို အနံ့ခံနိုင်သည်။ စစ်ယွိဟန်၏ ကြုတ်ထားသော မျက်ခုံးများသည် တဖြည်းဖြည်း လျော့သွားကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

ခဲ့ရွမ် သူ့ဘေးမှာရှိနေသရွေ့ စစ်ယွိဟန် ကောင်းကောင်း အိပ်ပျော်နိုင်ပါသည်။

ဘယ်တုန်းကစပြီး အဲ့လိုဖြစ်သွားတာလဲ?

ခဲ့ရွမ်သည် တရားရုံးသို့သွားရန် လိုအပ်သောကြောင့် စောစောထကာ စစ်ယွိဟန်မနှိုးစေရန် ဂရုတစိုက် လှုပ်ရှားခဲ့သည်။

မနက်ခင်း၌ ခဲ့ကျန်းသည် တရားရုံးတွင် ခဲ့ရွမ်ရဲ့ ကောင်းမွန်တဲ့ အမူအကျင့်တွေပျောက်ပြီး သူ့ရဲ့ ဇာတိရုပ်အမှန်တွေကို ထုတ်ဖော်ပြသမှာ ကြောက်သဖြင့် လင်ချင်းယဲ့ကို အချိန်အတော်ကြာ ညွှန်ကြားထားပြီး သူကိုယ်တိုင်လည်း ခဲ့ရွမ်ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now