Unicode
Chapter-31 ခဲ့ရွမ် အရိုက်ခံရခြင်း။
စစ်ယွိဟန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ရလဒ်ကို သူ တော်တော် မကျေနပ်ပေ။ ခဲ့ရွမ်ကသာ ရုပ်မပေါ်လောက်တဲ့ထိ အရိုက်ခံရပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အရင်ဘဝက လုပ်ခဲ့သည့်အတိုင်း သူ့အသက်အတွက် တောင်းပန်ခယနေသင့်သည်။
နောက်တစ်ကြိမ် ထိုလူနှစ်ယောက် ခဲ့ရွမ်ကို နှစ်ဖက်ကနေ ဦးတည်တိုက်ခိုက်ချိန်မှာတော့ စစ်ယွိဟန်က ကျောက်ခဲအနည်းငယ်ကို ကောက်ယူပြီး ပစ်လိုက်သည်။
ခဲ့ရွမ်သည် သူ၏ ဘယ်ဘက်ခြေထောက်တွင် ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ဒူးထောက် ကျသွားသည်။ ထိုလူတစ်ယောက်က အခွင့်အရေးကို ဖမ်းဆုပ်ပြီး သူ့ဗိုက်ကို ညာခြေနဲ့ ကန်ထည့်လိုက်သည်။
ခဲ့ရွမ်သည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ချက်ချင်းပင် သွေးများ အန်ထုတ်မိတော့မလို ခံစားလိုက်ရသည်။ သေစမ်း! ဘာဖြစ်သွားတာလဲ?
သူ့ကိုယ်သူ အလျင်အမြန် ချိန်ညှိပြီး ညာခြေထောက်ကို အားပြုကာ မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ နောက်တစ်ယောက်က မျက်နှာကို ထပ်ရိုက်လိုက်သည်။
ခဲ့ရွမ် ပြောစရာစကားများ ပြောက်ရှသွား၏။
သေစမ်း!
သူသည် ထိုလူနှစ်ယောက် သိုင်းပညာမကျွမ်းကျင်ဟု ထင်ထားသော်လည်း သူတစ်ကိုယ်လုံး သွေးတွေ ရွှဲနေလေပြီ။
စစ်ယွိဟန်သည် ခဲ့ရွမ်ကို စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဒီအသက်ငယ်ငယ်လေးကတည်းက မြေပြင်ပေါ်မှာ ဒူးထောက်နေတာကို တွေ့ရတာ အရမ်းကို ကြည့်ကောင်းလိုက်တာ!
တတိယကျောက်တုံးကို ပစ်ခါနီးတွင် စိမ်းပြာရောင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ကျန်ကျောက်တုံးများကို ရေထဲသို့ တိတ်တဆိတ် ပစ်ချလိုက်သည်။ ဘာပဲဖြစ်ဖြစ် အခုနေ ခဲ့ရွမ်ကိုသတ်ဖို့ အစီအစဉ်မရှိသေးပေ။
ဒါက အစပဲရှိသေး၏။
လင်ချင်းယဲ့သည် ခဲ့ရွမ် လူနှစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း ချက်ချင်း မြင်လိုက်ရသည်။ သူသည် ရှေ့သို့ အမြန်ပြေးပြီး ထိုလူနှစ်ယောက်အား ကန်ထုတ်ပစ်လိုက်၏။
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...