Ch 63: ညှာတာခြင်း/ညွာတာျခင္း

12.6K 1.6K 14
                                        

(Unicode)

ထိုမျက်လုံးနှစ်စုံက သူ့ကို စိုက်ကြည့်နေသည့်အတွက် ခဲ့ရွမ် မသကမသာ ခံစားလိုက်ရသည်။ သူ့မျက်နှာကို ခပ်ဖွဖွလေး သုတ်လိုက်ပြီး မျက်နှာသုတ်ပုဝါကို ပစ်ချလိုက်သည်။

"ပြီးပြီလား"

ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွန်တော် ရေသွားသွန်လိုက်တော့မယ်"

လင်ချင်းယဲ့က မတ်တပ်ထရပ်ပြီး ထွက်သွားသည်။

ခဲ့ရွမ်က ခေါင်းမော့ပြီး စစ်ယွိဟန်ကို ပြုံးပြလိုက်၏။ အချိန်မရွေး သူ့စိတ်ထဲမှာ ဒီကိစ္စကို ထည့်ထားသည်။

စစ်ယွိဟန်က သူ့ဆီ လှမ်းလာပြီး အေးစက်စွာပြောသည်။

"အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်"

ခဲ့ရွမ် အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ရဲ့အဖြူရောင် အောက်ခံတစ်ခြမ်းက ပွင့်ဟနေတာကိုတွေ့လိုက်ရသည်။ ဘာမှ ဒါက ဘာမှမဖြစ်ဘူး မဟုတ်လား။ ယောက်ျားတွေပဲ ရှိတာကြောင့်...

ဒါပေမယ့်...

နက်မှောင်သော မျက်လုံးတစ်စုံကို မြင်သောအခါ သူ့အဝတ်ကို ခြုံလိုက်သည်။

ခဲ့ရွမ် သူ့အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ထားသည်ကို မြင်လိုက်ရသည်နှင့် စစ်ယွိဟန်၏ အုံ့မှိုင်းနေတဲ့မျက်နှာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

ခဲ့ရွမ်က သူ့ကို ဘာမှပြန်မပြောခင်မှာ တံခါးခေါက်သံ ထွက်လာ၏။

"စစ်သူကြီးလင် မင်း ချက်ချင်း ပြန်ရောက်လာတာလား"

ခဲ့ရွမ်သည် ဤရှေးခေတ်အမူအရာဟာ တစ်ခါတစ်ရံတွင် အတော်လေး ဒုက္ခပေးသည်ဟု ခံစားမိသည်။ မည်သူမဆို အပြင်ထွက်၍ ပြန်လာသောအခါ တိုင်ကြားရန် လိုအပ်ပါသည်။

အခန်းထဲမှာ ဘယ်သူကမှ ပြန်မဖြေပေ။ ဘမ်း!
တံခါးပွင့်လာသည်။

ခဲ့ရွမ်က လင်ချင်းယဲ့လို့ ထင်ခဲ့ပေမယ့် မဟုတ်ပေ။
ဒေါသနှင့် မလိုလားသော အမူအရာများ တပ်ဆင်ထားသော လှပသောမျက်နှာလေးတစ်ခု ပေါ်လာ၏။

သူမကိုမြင်ရချိန်တွင် ခဲ့ရွမ်သည် သူ့နှာခေါင်းကို ကိုးရိုးကားယားနိုင်စွာဖြင့် ကုတ်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now