Ch 149: မင်္ဂလာဦးည (၅)/မဂၤလာဦးည (၅)

11.7K 1.2K 29
                                    

(Unicode)

စစ်ယွိဟန်သည် မြေပြင်မှ လက်ကိုင်ပုဝါကို ကောက်ကိုင်လိုက်ပြီး လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ တစ်ခဏ သို့မဟုတ် နှစ်ခဏ ကြာသောအခါ သူ့မျက်လုံးများသည် ခဲ့ရွမ်၏ မျက်နှာဆီသို့ လှည့်ကြည့်လာသည်။

ခုနစ်နှစ်ကြာပြီးနောက် ခဲ့ရွမ်၏မျက်နှာသည် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် အပြစ်ကင်းစင်ခြင်း မရှိတော့သော်လည်း စစ်ယွိဟန်မှတ်မိသည့်အတိုင်း သူသည် နူးညံ့လှပနေဆဲဖြစ်သည်။

ခုနစ်နှစ်အတောအတွင်း သူကောင်းကောင်း နေထိုင်လာပုံရသည်။ သို့မဟုတ်လျှင် သူ့မျက်နှာက ဘယ်လို ပိုကောင်းလာနိုင်မှာလဲ။

စစ်ယွိဟန်သည် သူ့ဘေးတွင်ထိုင်ကာ ခဲ့ရွမ်၏မျက်နှာကို လက်မနှင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။

၎င်းသည် အရင်ကအတိုင်း နူးညံ့ချောမွေ့နေဆဲ ဖြစ်သည်။

သူ၏ သွယ်လျသောလက်ချောင်းထိပ်များသည် နှင်းဆီရောင်သန်းနေသော နှုတ်ခမ်းများဆီသို့ ဖြည်းညှင်းစွာ လျှောကျလာပြီး နှုတ်ခမ်းတလျှောက် သူ့လက်ချောင်းဖြင့် ထပ်ခါထပ်ခါ ပွတ်ဆွဲလိုက်သည်။

သူနှုတ်ခမ်း၏ နူးညံ့မှုသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းကို လွှမ်းခြုံသွားပြီး အနက်ရောင် မျက်ဆံများသည် အစိမ်းရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။

သူ ခဲ့ရွမ်အား နမ်းချင်သည်။ သူ့မှတ်ဥာဏ်ထဲ၌ ခဲ့ရွမ်ရဲ့ အရာအားလုံးကို စွဲလန်းနေခဲ့သည်။

အတိအကျပြောရလျှင် သူတွေးထားတဲ့အတိုင်း လုပ်နေခြင်း ဖြစ်သည်။

သူ့နှုတ်ခမ်းတွေအစား သူ့လက်ချောင်းတွေကို အစားထိုးပြီး ခဲ့ရွမ်ရဲ့ ရောင်ရမ်းနေတဲ့ နှုတ်ခမ်းတွေကို နူးညံ့တဲ့ ပွတ်တိုက်မှုတွေနဲ့ နမ်းလိုက်လေသည်။

"ခဲ့ရွမ်.. ခဲ့ရွမ်.. "

စစ်ယွိဟန်သည် ခဲ့ရွမ်၏အမည်ကို အထပ်ထပ်အခါခါ ခေါ်နေပြီး ထိုလူသားအားကို သူနှင့်အတူ သေသည်ထက်ဆိုးသော ဘဝသို့ ဆွဲခေါ်သွားခြင်းပုံရသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now