Ch 125: တစ်နေ့ ထမင်းတစ်နပ်/တစ်နေ့ ထမင်းတစ်နပ်

8.4K 1.1K 43
                                    

(Unicode)

ချီချန်သည် မနက်စာအား လင်ချင်းယဲ့ထံသို့ ကိုယ်တိုင် ကိုယ်ကျ ပေးပို့ကာ သူ့အား စူးစိုက်ကြည့်နေခဲ့သည်။

ချီချန်သည် လင်ချင်းယဲ့နောက်လိုက်၍ စစ်ယွိဟန်ကို တိုင်းပြည်သို့ ပြန်ပို့ပေးခဲ့သည့်အချိန်မှစ၍ သူ့အား ထပ်မတွေ့ရတော့ချေ။ မီးတောက်နီတိုင်းပြည် ပျက်သုဉ်းပြီးနောက်မှသာ အိုးအိမ်ဆုံးရှုံးသွားသော လင်ချင်းယဲ့အား ပထမဦးဆုံးအကြိမ် ပြန်လည်မြင်တွေ့ခဲ့ရသည်။

သို့သော် ယခု ချီချန်သည် သူ့နောက်လိုက် လူငယ်တစ်ယောက် မဟုတ်တော့သော်လည်း သူ့အား 'အစ်ကိုချင်းယဲ့' ဟု ခေါ်ဆိုခြင်းမှ မရပ်တန့်နိုင်ပါ‌ချေ။

လင်ချင်းယဲ့သည် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ပေ။

ချီချန်သည် လင်ချင်းယဲ့၏အကြည့်ကို သဘာဝအတိုင်း သတိပြုမိသော်လည်း တစ်စက္ကန့်မျှသာဖြစ်ပြီး ထိုအကြည့်ပြီးနောက်တွင် အစ်ကိုဖြစ်သူချင်းယဲ့က အဝေးသို့ အကြည့်လွှဲလိုက်သည်။

'သူငါ့ကိုအရမ်းမုန်းနေတာလား'

အစားအသောက်သေတ္တာကို ကိုင်ထားသည့် ချီချန်၏ လက်များသည် တင်းကျပ်လာ၏။

ခဲ့ရွမ်သည် ချီချန်အား တစ်ခုခုပြောပြီး နှုတ်ဆက်ရန် ရည်ရွယ်ထားသော်လည်း ချီချန်သည် စစ်သူကြီးလင်ကို အရမ်းချစ်သလောက် သူ့ကိုအရမ်းမုန်းသည်ဟူသော အကြောင်းကိုတွေးရင်း နောက်ဆုံးတော့ ပါးစပ်ပိတ်ထားလိုက်လေသည်။

"အစ်ကိုချင်းယဲ့.. ဒါက မနက်စာ.. ပူနေတုန်းစားလိုက်"
ချီချန်သည် မနက်စာထမင်းဘူးကို လင်ချင်းယဲ့ရှေ့၌ ထားလိုက်သည်။

လင်ချင်းယဲ့၏ လေသံသည် နူးညံ့နေ၏။

"ကျေးဇူးတင်ပါတယ်.. စစ်သူကြီးချီ "

ချီချန်သည် သူ့နှလုံးသားထဲတွင် ခါးသီးသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူသည် နောက်ထပ် ထမင်းဘူးကို ထုတ်ယူပြီး ခဲ့နွန်ရှေ့၌ ချထားလိုက်၏။

ခဲ့နွန်သည် ချီချန့်ကို သေသေချာချာကြည့်ပြီးနောက် စစ်သူကြီးလင်ပြောသည့်အတိုင်း တိုးတိုးလေး လိုက်ပြောလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now