Ch: 17 (U+Z)

13.1K 1.9K 8
                                    

Unicode

Chapter-17 ကပ်သီးလေး လွတ်မြောက်သွားခြင်း။

*ခွက်!*

ခဲ့ရွမ် လန့်သွားပြီး သူ့ခြေထောက်အောက်က သစ်ကိုင်းခြောက်တွေကို လှမ်းကြည့်မိလိုက်သည်။

သူသည် ကံဆိုးလွန်းသဖြင့် သစ်ကိုင်းခြောက်များကို နင်းမိပြီး ဆူညံအောင်လုပ်မိသွားခဲ့သည်။

"နားထောင်စမ်း! အဲဒီလမ်းကြောင်းက အသံတစ်ခုထွက်လာတယ်"

"သွားကြရအောင်!"

၎င်းကို စဉ်းစားနေရန် အချိန်သိပ်မပေးဘဲ ခဲ့ရွမ် ချက်ချင်းအရှိန်မြှင့်လိုက်သည်။ ယခုအခါ သူသည် မြန်မြန် လျှောက်လျက်ရှိသည်။ မြန်မြန် လျှောက်ရင်း လျှောက်ရင်းနဲ့ နောက်တော့ စပြေးတော့လေ၏။

အရေးပေါ်အခြေအနေအရ ခဲ့ရွမ်သည် သူ့ဓားကို
သူတို့ ထွက်ပြေးတဲ့လမ်းနဲ့ ဆန့်ကျင်ဘက်တွင် လွှတ်ပစ်ထားခဲ့သည်။ ဤနည်းအားဖြင့် စစ်ယွိဟန်ကို ဆုပ်ကိုင်ထားရန် သူ့လက် အားသွားရုံသာမက လိုက်ရှာသူများကိုလည်း လှည့်စားနိုင်ခဲ့သည်။

"ခေါင်းဆောင်..ဒီမှာ ဓားရှိတယ်။ သူတို့ ဒီဘက်ကို သွားနေတာလား"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။

"လူခွဲပြီး ရှာကြ!"

"ဟုတ်ကဲ့!"

အချိန်အတော်ကြာအောင်ပြေးပြီးနောက် ခဲ့ရွမ်သည် လုံးဝကို မောပန်းနွမ်းနယ်သွားသည်။ စစ်သူကြီးလင်သာ မြန်မြန်မလာရင် သူဒီမှာ သေသွားမှာတောင် ကြောက်ရသည်။

သူတကယ်မပြေးနိုင်တော့ဘူး။

ခဲ့ရွမ်သည် စစ်ယွိဟန်၏ လက်နှစ်ဖက်ကိုကိုင်ထားရင်း မြေပြင်ပေါ်တွင်ထိုင်ကာ လေကို ရှူရှိုက်လိုက်သည်။

"တောင်းပန်ပါတယ်။"
ရုတ်တရတ် ခဲ့ရွမ်၏တောင်းပန်မှုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

စစ်ယွိဟန်သည် ခဲ့ရွမ် သူ၏လက်များကို
တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို ခံစားမိသည်။ ပြီးတော့ သူ့မျက်နှာကိုလဲ ရင်ဘတ်မှာ လာမြှုပ်ထားလေ၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now