(Unicode)
"မလိုဘူး.. သူတို့ကို ငါနေမကောင်းဘူးလို့သာ ပြောလိုက်။ ပြီးတော့ အနာဂတ်မှာလည်း သူတို့ ငါ့ကို အရိုအသေ ပေးစရာမလိုဘူး"
ရှောင်လုကျစ်သည် တုံ့ဆိုင်းသွား၏။
"ဧကရီ.. ဒါက စည်းမျဥ်းစည်းကမ်းနဲ့ ဆန့်ကျင်တယ် မဟုတ်လား"
"စည်းကမ်းတွေကို မေ့ထားလိုက်စမ်းပါ။ ဘာအရေးကြီးတာမလို့လဲ? ငါသူတို့နဲ့ မတွေ့ဘူးလို့ပဲ ပြောလိုက်"
"ဟုတ်ကဲ့!" ရှောင်လုကျစ်က ပြန်ဖြေသည်။
အပြင်ဘက်မှ အသံသည် တဖြည်းဖြည်း ပျောက်ကွယ် သွားသောအခါ ခဲ့ရွမ်သည် နန်းဆောင်မှ ချက်ချင်း ထွက်လာခဲ့လိုက်သည်။ 'သူတို့ ငါ့ကို တားလို့ရမလား။ လုံးဝမဖြစ်နိုင်ဘူး!'
သို့သော် သူ မသိသည်မှာ သူ၏လှုပ်ရှားမှုတိုင်းသည် စစ်ယွိဟန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဆိုတာပင်။
ဧကရာဇ်စာဖတ်ဆောင်တွင် အနက်ရောင် အဝတ်အစားဝတ် အမျိုးသားတစ်ဦးသည် ဧကရာဇ်မင်းမြတ်၏ စားပွဲအောက်တွင် ဒူးထောက်လျက် ရှိနေသည်။
"သူဘက်က မတွေ့ချင်ဘူးဆိုမှတော့ ငါသူ့အတွက် စီစဉ်ပေးလိုက်ရုံပဲ" စစ်ယွိဟန်သည် စားပွဲပေါ်ရှိ စာချွန်တော်ကို ဖွင့်လိုက်သည်။ သူသည် ဤရက်များ၌ ကြမ်းတမ်းသော နည်းလမ်းအချို့ကို ကျင့်သုံးပြီးနောက် ခဲ့ရွမ်အား မကောင်းကြောင်းပြောဆိုဝံ့သူ အနည်းငယ်သာရှိတော့သည်။
အမြဲတစေ အတင်းအဖျင်းပြောတတ်တဲ့သူတွေကိုတော့ သတ်လိုက်တာက အဆင်ပြေပါလိမ့်မည်။
နောက်ဆုံးတော့လည်း သူဟာ ဘယ်တုန်းကမှ ကြင်နာတတ်တဲ့လူတစ်ယောက် မဟုတ်ခဲ့ပေ။
"အဲဒီ ကိုယ်လုပ်တော်တွေက ဧကရီကို အရိုအသေ ပေးချင်ကြတယ်မဟုတ်လား.. သူတို့ကို ပေးတွေ့လိုက်"
"ဟုတ်ကဲ့!"
စစ်ယွိဟန်၏ မျက်လုံးများသည် သူ၏လက်ထဲရှိ စာချွန်တော်အား ကြည့်နေသော်လည်း ၎င်းကို လုံးဝစိတ်မ၀င်စားပေ။ သူ၏စိတ်ထဲတွင် မနေ့ညက ငြိမ်သက်စွာ အိပ်မောကျနေသော ခဲ့ရွမ်၏မျက်နှာနှင့်
ယနေ့ သူ၏တက်ကြွသောမျက်နှာဖြင့်သာ ပြည့်နေသည်။
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Tarihi KurguBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...