Ch 55: Be Soft Subconsciously

10K 1.5K 15
                                    

(Unicode)

Chapter-55 Be Soft Subconsciously

သူ့လက်ချောင်းများတစ်လျှောက် ပွတ်တိုက်လာသော အသက်ရှူသံပြင်းပြင်းက စစ်ယွိဟန်၏ တင်းမာနေသော ခန္ဓာကိုယ်ကို ချက်ချင်း ပြေလျော့သွားစေသည်။ သူ့ဝေဒနာက တစ်ညလုံး အနေအထားတစ်ခုတည်းနဲ့ အိပ်တာထက် ပိုဆိုးသည်။

"ထတော့" သူ့အသံက ခက်ထန်နေသည်။

"ခဲ့ရွမ်.. ထတော့..." စစ်ယွိဟန်သည် အသက်ပြင်းပြင်းရှူပြီး သူ့အသံ အရမ်းမပြင်းစေရန် သူ့အသက်ရှုသံကို ချိန်ညှိလိုက်သည်။

သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်နှာကို ညင်သာစွာ ပုတ်နေသည်။

"ထတော့.. ထတော့... "

ခဲ့ရွမ်သည် သူ့နားထဲတွင် တစ်စုံတစ်ယောက်က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကျိန်ဆဲနေသကဲ့သို့ အသံတစ်ချို့ကို ကြားလိုက်ရသည်။

"မင်း အခု မထရင် ငါမင်းကို အပိုင်းပိုင်းဖြတ်ပြီး ခွေးကျွေးပစ်မယ်"

"ငါပြောတာကြားလား.. ထတော့..ဒါမှ မဟုတ်ရင်..ငါ..
ငါ မင်းမိဘတွေကို သတ်ပစ်မယ်"

"ပြီးရင် မင်းညီမလေးကိုလဲ ဆောင်ကြာမြိုင် ပို့ပစ်မယ်"

..........

ခဲ့ရွမ်သည် သူ့မျက်ခွံများ လေးလံနေသည်ဟု ခံစားမိသော်လည်း ထိုစကားကြားရချိန်တွင် ပြုံးနေခဲ့သည်။ စစ်ယွိဟန်သည် ဤမျှ ရက်စက်ခဲ့လျှင် သူမနိုးထတာမှ ပိုကောင်းအုံးမည်။

"မလုပ်ရဲဘူးမလား"

သူလေသံက ရွှင်ပြနေသည်။

ခဲ့ရွမ်က သူ့စိတ်ထဲက စကားကို အပြင်မှာ ထုတ်ပြောမိမှန်း သိလိုက်ရတော့ သူ့မျက်လုံးတွေကို အတတ်နိုင်ဆုံး ဖွင့်ကြည့်လိုက်သည်။ တောက်ပသော မျက်လုံးများဖြင့် စိတ်ပူနေသော မျက်နှာသည် သူ့ရှေ့မှာ ပေါ်လာသည်။ သူက ပြုံးပြီးပြောလိုက်၏။

"ရှောင်ဟန်.. မင်းငါ့ကို အရမ်းဂရုစိုက်တာပဲ"

စစ်ယွိဟန်သည် သူ့ကို လွှတ်လိုက်သည်။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာကို ရပ်လိုက်စမ်း!

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now