9K 1.4K 30
(Unicode)
ချီချန်ရဲ့ လှုပ်ရှားမှုတွေက လျင်မြန်သည်။ သူသည် တစ်နာရီအတွင်း ချောင်တောင်မှလူများကို ဆင့်ခေါ်နိုင်ခဲ့ပြီး ခဲ့ရွမ်သည် သူ့အရည်အချင်းကို အနည်းငယ် သဘောကျခဲ့သည်။
"အစ်ကိုချင်းယဲ့.. အဆင်သင့်ဖြစ်ပြီ"
လင်ချင်းယဲ့က ခေါင်းညိတ်လိုက်၏။
လူအနည်းစုကတော့ ငြီးတွားနေကြဆဲဖြစ်သည်။
"မင်းဘာလုပ်နေတာလဲ.. ဘာလို့ငါတို့က အားလုံး အဆင်ပြေပြေနဲ့ တောင်ပေါ်ကဆင်းရမှာလဲ"
"အင်း.. အကြီးအကဲက အဲဒီလို အကြံဥာဏ်မျိုး တစ်ခါမှ မရဖူးဘူး.. ဘာလို့ရုတ်​တရက်​ဖြစ်​​သွားရတာလဲ"
"အဲဒီလူတွေက အကြီးအကဲကို တစ်ခုခုပြောခဲ့တာလား"
"ငါတို့ တောင်‌အောက်မဆင်းချင်ဘူး"
"ဟုတ်တယ် အကြီးအကဲ.. ကျွန်တော်တို့ မဆင်းချင်ဘူး"
....
ခဲ့ရွမ် မျက်မှောင်ကြုတ်လိုက်သည်။ လူများစွာသည် တောင်အောက်သို့မဆင်းချင်ကြောင်း ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီး ကြိမ်းမောင်းကြတော့သည်။ မနှိပ်ကွပ်ရင် ပြဿနာဖြစ်တော့မှာ သေချာပါသည်။
တောင်ခြေကလူတွေကို ဆင်ခြင်ပေးနိုင်ပါ့မလားတောင် မသိတော့ချေ။
ချီချန်က လက်ဟန်ပြလိုက်တဲ့အခါ လူတိုင်းက နာခံပြီး ပါးစပ်ပိတ်လိုက်ကြသည်။ ချီချန်က သူတို့ကို ကြည့်ပြီး ပြောလိုက်၏။
"ဒီလို စကားပြောနေတဲ့ သူတွေက မင်းတို့မှာ မိသားစုနဲ့ သူငယ်ချင်း မရှိကြဘူး.. ဒါကြောင့် မင်းတို့ ဒီမှာ နေချင်ကြတာ။ တခြားသူတွေကျတော့ ဘယ်လိုလုပ်မလဲ"
"လူတိုင်းက ချောင်တောင်ကို ဆန္ဒအလျောက် လာခဲ့ကြတာကို ငါသိတယ်။ တစ်ချို့ပြီးခဲ့တာတွေက ပြီးသွားပြီ။ ဒါပေမယ့် ငါတို့ လက်မလွှတ်နိုင်တဲ့ အရာတွေအတွက်ရော ငါတို့ ဘာလုပ်သင့်လဲ"
"မင်းတို့ ဒီမှာနေတာကြာပြီ.. အလည်အပတ်ပြန်ဖို့ စိတ်ကူးမရှိကြဘူးလား"
လူအုပ်ကြီးက ငြိမ်သက်နေခဲ့သည်။
ချီချန်က ဆက်ပြောလိုက်၏။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now