8.9K 1.4K 69
(Unicode)
လင်ချင်းယဲ့သည် ဧကရာဇ်မင်းမြတ်ထံ အစီရင်ခံရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သော်လည်း ထိုလုပ်ကြံသူ သည် အမတ်ချုပ်၏ တစ်ဦးတည်းသောသား ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ခဲ့ရွမ်ဟာ အမတ်ချုပ်ရဲ့ ဒေါသကို ဆွမိခဲ့တာကြောင့် သူ့သား၏ အပြုအမူကို နားလည်နိုင်ခဲ့သည်။
ခဲ့ရွမ်ကို တွေးလိုက်မိသောအခါ လင်ချင်းယဲ့ မသိစိတ်ကနေ သူ့နှုတ်ခမ်းကို ထိလိုက်မိသည်။ သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ယောက်က သူ့ကို သေဖို့ခွင့်မပြုဘဲ နှိုးဖို့ အော်ငေါက်ရင်း နာကျင်စွာ ခံစားနေရသည်ကို မြင်ယောင်နေမိသည်။ ပြီးတော့ သူ့နှုတ်ခမ်းတွေက နွေးထွေး၏။ ထိုအချိန်က လင်ချင်းယဲ့သည် သူသေသွားပြီဟု တွေးကာ ထိုအရာကလည်း အိပ်မက်တစ်ခုဟု ထင်ခဲ့သည်။ သို့သော် ထိုအိပ်မက်ထဲက လူတစ်ယောက်က ခဲ့ရွမ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
မျက်လုံးဖွင့်လိုက်ချိန်တွင် လက်တွေ့နှင့်အိပ်မက်ကို ခွဲခြား၍မရပါချေ။ ခဲ့ရွမ်က သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားချိန်မှာ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ လှပတဲ့ အိပ်မက်တစ်ခုလို့ သူထင်ခဲ့ပေမဲ့.. တကယ်တမ်း အိပ်မက် မဟုတ်ပါချေ။
ထိုလူသား၏ နာကျင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းနှင့် သူ၏ဆုံးရှုံးမှုအား ပြန်လည်ရရှိခြင်း၏ ပီတိ။
အရာအားလုံး အစစ်အမှန် ဖြစ်ခဲ့ပါသည်။
လင်ချင်းယဲ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားပြီး သူ့မျက်လုံးများသည် နွေးထွေးမှုနှင့် ပြည့်နှပ်နေကာ တိတ်တဆိတ် ရေရွတ်လိုက်သည်။
"အရှင့်သား"
.....
ခဲ့ရွမ်နှင့် လင်ချင်းယဲ့တို့ နှစ်ဦးစလုံး ဒဏ်ရာရခဲ့ ကြသည်။ စစ်ယွိဟန်၏ ရက်စက်သော အကြည့်များ အောက်တွင် ခဲ့ရွမ်သည် လင်ချင်းယဲ့၏ အခြေအနေကို စစ်ဆေးရန် တုံ့ဆိုင်းနေခဲ့သည်။
သူသည် လက်မောင်း၌သာ ဒဏ်ရာရခဲ့သော်လည်း လင်ချင်းယဲ့ကတော့ မတူပါချေ။ လင်ချင်းယဲ့၏ ဒဏ်ရာက သူ့ထက်ပိုဆိုး၏။ လူကိုယ်တိုင် မသွားနိုင်သောကြောင့် လင်ချင်းယဲ့၏ အခြေအနေကို အခွင့်ရတဲ့အခါတိုင်းတွင်သာ မေးမြန်းနိုင်ခဲ့သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now