10.7K 1.4K 33
(Unicode)
ခဲ့ရွမ်က သက်ပြင်းချလိုက်ပြီး သူ့ဘေးနားက စစ်သည်တစ်ယောက်ကို လက်ပြလိုက်သည်။
"မင်း.. ရှောင်ဟန်အတွက် ဖက်ထုပ်ပန်းကန်တစ်လုံး သွားဝယ်လိုက်.. ပူနေတဲ့အချိန်မှာ မြန်မြန်ပြန်ယူခဲ့"
"ဟုတ်ကဲ့!"
ခဲ့ရွမ်သည် သူ့အခန်းထဲကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးရိုးကို ဖိနှိပ်လိုက်သည်။ ဇာတ်လိုက်သည် ကိုယ်ပိုင်မိသားစုနဲ့ ချစ်ခင်တဲ့ လူတစ်စုရှိထားတဲ့ သူ့ရဲ့ကလေးဘဝကို ဘယ်လောက်တောင် မနာလို ဖြစ်ခဲ့လဲဆိုတာ သူကလွဲပြီး ဘယ်သူ့မှ ကောင်းကောင်း မသိနိုင်ပါပေ။
ဇာတ်လိုက်၏ အစွန်းရောက် ကိုယ်ရည်ကိုယ်သွေး များသည် ၎င်းကြောင့် ဖြစ်နိုင်ပါသည်။
အစတုန်းက ခဲ့ရွမ် နည်းနည်းလေး ယိမ်းယိုင်နေသေးတယ် ဆိုပေမယ့် အခုတော့ သူပြောတာမှန်တယ်ဆိုတာ သေချာသွားပြီ ဖြစ်သည်။
ခဲ့ရွမ်သည် သူစုံစမ်းရန် အမိန့်ပေးခဲ့သူကို ခေါ်လိုက်သည်။ သူသေချာသိနေပြီတော့ ကဏ္ဍပေါင်းစုံကို စမ်းသပ်ကြည့်ရမယ်။
"အားလုံးသိရပြီလား?"
ခဲ့ရွမ်သည် ခွက်ကိုလက်ညိုးဖြင့်ခေါက်ရင်း ထိုင်ခုံပေါ်တွင်ထိုင်ကာ ထိုစစ်သည်‌ကို အနည်းငယ် စိတ်လှုပ်ရှားနေသောပုံစံဖြင့် ကြည့်နေသည်။
"အရှင့်သား.. သင်ပြောခဲ့တဲ့ မိသားစုက အကျင့်စရိုက် ဆိုရွားတာမျိုး မရှိပါဘူး။ မိသားစုသုံးယောက်လုံးက လိုက်‌လျောညီစွာ ပျော်ရွှင်နေကြပါတယ်။ ငွေရေး ကြေးရေး အခက်အခဲကလွဲရင် အန္တရာယ် ဖြစ်လာနိုင်စရာ ဘာတစ်ခုမှမရှိပါဘူး"
ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။ သူ့စီစဥ်မှုက မှန်တယ်ဆိုတာ သူသိသည်။
"ဒါဆို ကောင်းပြီ.. မင်းငါ့ရဲ့ရည်ရွယ်ချက်ကို အကြောင်းကြား ပြီးပြီလား"
"ကျွန်တော် သူတို့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီး သားပါ.. ဒါ့အပြင် အရှင့်သား အမိန့်ပေးတဲ့အတိုင်း လိုက်နာရမယ်လို့လဲ ပြောခဲ့ပါတယ်"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now