8.6K 1.3K 52
(Unicode)
"သိပ်တန်ဖိုးကြီးတာမဟုတ်ပေမယ့် လက်ခံပေးစေချင်တယ်.. ကြိုက်လား...?" ခဲ့ရွမ်၏မျက်လုံးများသည် သတိထားနေခဲ့သည်။
တောက်ပသော ဖန်သားတုံးသည် နေရောင်အောက်တွင် တောက်ပစွာ ထွန်းလင်းနေပြီး အောက်ဘက်ရှိ အပြာရောင်ဓားမြိတ်သည် လေနှင့်အတူ ယိမ်းနွဲ့နေသည်။
စစ်ယွိဟန်၏ အကြည့်သည် ခဲ့ရွမ်၏ သတိထားနေသော မျက်နှာပေါ်သို့ ကျရောက်သွားသည်။ ခဲ့ရွမ်သည် သိမ်မွေ့သော မျက်နှာအသွင်အပြင်ရှိသည်။ သူ့မျက်တောင်များသည် အရိပ်တစ်ခုရလောက်အောင် ရှည်လျားသည်။ စိတ်လှုပ်ရှားနေမှုကြောင့် သူ့အပေါ်သွားများသည် အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီး အနီရောင် နှုတ်ခမ်းပါးပေါ်‌တွင် အဖြူလခြမ်းသဏ္ဍာန် ဖြစ်ပေါ်လာသည်။
သူမကြိုက်ဘဲ ဘယ်လိုနေနိုင်မှာလဲ?
စစ်ယိဟန် ခေါင်းညိတ်လိုက်သည်။
(T/N: ကလေးကလဲ ဟိုက ကြိုက်လားမေးတာ တခြား၊ သူကြိုက်တယ်ဖြေတာက တခြားနော်..😌)
ခဲ့ရွမ် သူ၏ ချစ်စဖွယ် မျက်လုံးများဖြင့် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ ထိုအချိန်တွင် စစ်ယွိဟန်၏ လည်ချောင်းက ပူပြီး ခြောက်ကပ်လာသည်။
"မင်းကြိုက်တာကောင်းတယ်.. ငါမင်းအတွက် သိမ်းထားစရာ မလိုတော့ဘူး"
ခဲ့ရွမ် ထိုသို့ ပြောလိုက်တာနဲ့ စစ်ယွိဟန် မျက်မှောင် ကြုတ်လိုက်ပြီး သူ့ရင်ထဲက ခံစားချက်က ပိုထူးဆန်းလာခဲ့သည်။
"ရှောင်ဟန်.. အမွှေးနံ့သာဥယျာဉ်မှာတွေ့ခဲ့တဲ့ မိန်းကလေးကို မှတ်မိသေးလား.. မင်းကိုရှာဖို့ သွားတုန်းက ငါ ကယ်ခဲ့တဲ့သူလေ"
"မှတ်မိပါတယ်"
"အဲ့မိန်းကလေးကို မင်းဘယ်လိုထင်လဲ"
"ကျွန်တော်မှတ်မိသလောက် ဆိုရင်တော့ အဲဒီမိန်းကလေးမှာ ခင်ပွန်းရှိပြီးသားပါ"
သူက ထိုမိန်းမကို အတင်းလုယူဖို့ ကြံစည်နေတာလား?
"ငါဆိုလိုတာ အဲလိုမဟုတ်ဘူး"
စစ်ယွိဟန်သည် မသိစိတ်က သက်သာရာရသွားသည်။
"ငါမေးချင်တာက မင်းသူမကိုသ‌ဘောကျလား"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now