Ch 113: ပုန်ကန်ခြင်း/ပုန်ကန်ခြင်း။

7K 977 8
                                    

(Unicode)

ပူဇော်ပွဲ အခမ်းအနားကို ပုံမှန်အတိုင်း ရှေ့ဆက်ခဲ့သည်။ ခဲ့ရွမ်မှန်းဆထားသည့်အတိုင်း သူလုံးဝမပါဝင်နိုင်ခဲ့ပါ။ အရှေ့နန်းတော်မှာသာနေနိုင်ခဲ့ပြီး ဘယ်မှမသွားနိုင်ခဲ့ပေ။ ထို့အပြင် ပူဇော်ပွဲကြောင့် အရှေ့နန်းတော်၏ အစောင့်အကြပ်များသည် အဆများစွာ တိုးများလာခဲ့သည်။

ဧကရာဇ်ဂူဗိမာန်အား ပူဇော်ခြင်းအခမ်းအနားသည် မီးတောက်နီတိုင်းပြည်တစ်ခုလုံးတွင် အဓိကကျသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် ခဲ့ကျန်းသည် သူ၏ အသုံးမကျသောသားကို ခေါ်ဆောင်လာခြင်း မရှိကြောင်း မည်သူ့ကိုမျှ အသိပေးမည်မဟုတ်ပါ။

ဧကရာဇ်ဂူဗိမာန်သည် မီးတောက်နီတိုင်းပြည်၏ အမြင့်ဆုံးနေရာတွင် တည်ရှိပြီး မြင့်မြတ်သော ဝိညာဉ်တော်များနှင့် ပြီးပြည့်စုံသော နေရာဖြစ်သည်။ ၎င်းကို စိမ်းလန်းသော တောင်တန်းများ ဝန်းရံထားပြီး လှပသောတိုင်းပြည်၏ ရှုခင်းများကို ဖန်တီးထားသည်။

ဧကရာဇ်မင်းမြတ် ဧကရာဇ်ဂူဗိမာန်သို့ သွားရောက် ပူဇော်ခြင်း အခမ်းအနားသည် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည်။ အစောင့်တပ်သားများသည် မိုင်ပေါင်းများစွာ ဆန့်ထွက်လျက်ရှိပြီး မြင်ကွင်းသည်ကား အံ့မခန်းပင်။

ရွမ်ချင်းထျန်သည် ပူပက်သောကများ သယ်ပိုးလျက် ခဲ့ကျန်း၏နောက်သို့ လိုက်ပါသွားကာ သူမ၏ စိုးရိမ်မှုအပြည့်နှင့် လှပသောမျက်လုံးများသည် ခဲ့ကျန်း၏နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။

ခဲ့ကျန်းသည် ဇနီးသည်၏လက်ကို ဆုပ်ကိုင်ထား၏။

"ငါတို့ သိပ်မကြာခင် ပြန်မှာပါ.. စိတ်မပူနဲ့"

ရွမ်ချင်းထျန်သည် မှိန်းလျက် ခေါင်းညိတ်လိုက်သည်။

ထိုလူတစ်စုသည် ဧကရာဇ်ဂူဗိမာန်သို့ ရောက်လာကြပြီး လိန်ကျန်းသည် သူ့ဘေးနားရှိလူကို အချက်ပြ လိုက်သည်။ ထိုနေရာသည် လူတိုင်း မ၀င်ရောက် နိုင်သော ကန့်သတ်နယ်မြေတစ်ခု ဖြစ်သည်။

အစောင့်တွေက အပြင်မှာနေခဲ့ပြီး ဧကရာဇ်မင်းနဲ့ အမတ်တွေသာ ဝင်ရလေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now