Ch 147: မင်္ဂလာဦးည (၃)/မဂၤလာဦးည (၃)

9.5K 1K 11
                                    

(Unicode)

"အမိန့်အတိုင်းပါ" ချီချန်က ပြန်ဖြေသည်။

"မင်းအခုထွက်သွားလို့ရပြီ" စစ်ယွိဟန်သည် ရွမ်ဟန် နန်းဆောင်အဝင်ပေါက်မှ အကြည့်မလွှဲခဲ့ပေ။

ချီချန်သည် တိုးညှင်းသော အသံဖြင့် တုံ့ပြန်၏။

"ဟုတ်ကဲ့!"

မိနစ်အနည်းငယ်ကြာသောအခါ နန်းဆောင်အဝင်ဝ၌ စစ်ယွိဟန်တစ်ယောက်သာ ကျန်ရှိတော့သည်။ အေးစက်သော လေသည် သူ့ဘက်သို့ တိုက်ခတ်လာကာ အနည်းငယ် ချမ်းစိမ့်သွားသည်။

မသိစိတ်က သူ့ခါးမှာချည်ထားတဲ့ ဓားမြိတ်ကို ကိုင်ချင်သော်လည်း မရှိပေ။ သူထိတ်လန့်သွားပြီး အောက်သို့ငုံ့ကြည့်လိုက်ရာ ခဲ့ရွမ် မသိစေရန်အတွက် ဖြုတ်ထားခဲ့ကြောင်း သတိရသွားသည်။

သူ အဆင်မပြေသလို ခံစားလိုက်ရသည်။

စစ်ယွိဟန် အနည်းငယ် စိတ်ဆိုးသွား၏။ အဲဒီအတွက် ခဲ့ရွမ်ကို အပြစ်တင်သင့်သည်။ သူ့ကြောင့်သာမဟုတ်ရင် ဒီလောက် စုတ်ပြတ်သတ်နေတဲ့ ပစ္စည်းကိုတောင် မလွှတ်ပစ်နိုင်တဲ့ ရှစ်စရာကောင်းပြီး အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်လာမှာမဟုတ်ပေ။

စစ်ယွိဟန် သူ့ဝတ်ရုံလက်များကို ဝေ့ယမ်းလိုက်တဲ့အခါ လေပြင်းတစ်ချက် တိုက်ခတ်သွားလေ၏။

ထိုအချိန်၌ ရေချိုးကန်ထဲမှ ခဲ့ရွမ်သည် ရုတ်တရက် နှာချေလိုက်သည်။ သူသည် အိပ်ငိုက်နေရာမှ ရုတ်တရက် လန့်နိုးသွား၏။

သူသည် ရေကအေးလာပြီး ထွက်ချိန်ရောက်ပြီဟု ထင်ခဲ့သော်လည်း ရေ၏အပူချိန်မှာ အလွန် မြင့်မားနေသေးသည်။

သို့သော်လည်း ရေချိုးကန်မှထွက်ရန် အချိန်တန်လေပြီ။
သူသည် ရေချိုးခန်းထဲ၌ အချန်အတန်ကြာ နေခဲ့သည့်အတွက် သူ့လက်ချောင်းများပင် ဖြူလာနေပြီဖြစ်သည်။

"ဧကရီ ရေချိုးလို့ ပြီးပါပြီလား"

တိုက်ဆိုင်စွာပင် တံခါးအပြင်ဘက်ရှိ အစေခံက သူ့ကို တိုက်တွန်းလိုက်သည်။

ခဲ့ရွမ်သည် အမြန်ထကာ သူ့ခန္ဓာကိုယ်ကို သုတ်လိုက်ပြီး အဝတ်အစားများကို လှမ်းယူလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now