10.4K 1.5K 20
(Unicode)
ခဲ့ရွမ်သည် ရံဖန်ရံခါ သူ့ကိုကြည့်နေသည်ကို စစ်ယွိဟန် သတိပြုမိသည်။ သူစာအုပ်ကို အာရုံမစိုက်နိုင်တော့ပေ။
အဲဒါနဲ့ သူစာအုပ်ကိုချလိုက်ပြီး ခဲ့ရွမ်ကို ကြည့်လိုက်၏။
သူ့အကြည့်ကို တွေ့လိုက်သည်နှင့် ခဲ့ရွမ်သည် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် အကြည့် ပြန်လွှဲလိုက်သည်။
စစ်ယွိဟန် မျက်မှောင်ကြုတ်လိုက်၏။
ခဲ့ရွမ်က သူ့ကိုမြင်တိုင်း ကြွက်က ကြောင်ကို မြင်လိုက်ရသလိုပင်။ သို့သော်လည်း ခဲ့ရွမ်သည် သူ၏ကြောက်ရွံ့မှုကို မျိုသိပ်ထားပြီး သူ့အား အရာအားလုံးပေးအပ်ခဲ့သည်။ လိုအပ်ပါက သူ့ကိုယ်ပိုင် အသက်ကိုတောင် ပေးလိမ့်မည်ဖြစ်သည်။
ထိုအတွေးကြောင့် စစ်ယွိဟန်၏ မျက်လုံးများ နူးညံ့လာခဲ့သည်။
စစ်ယွိဟန် သူ့ကို မကြည့်တော့ဘူးလို့တွေးပြီး ခဲ့ရွမ်က သူ့ကို ပြန်ကြည့်လိုက်သည်။ သို့သော် နူးညံ့တဲ့ မျက်ဝန်းတွေ သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတာကြောင့် သူ့မျက်လုံးတွေ ကန်းတော့မလို ဖြစ်သွားရသည်။
ခဲ့ရွမ်သည် ထိုမျက်လုံးများ၏ ရေဝဲဂယက်ထဲ၌ ဖမ်းမိသွားလေသည်။
စစ်ယွိဟန်က မတ်တပ်ရပ်လိုက်၏။ ခဲ့ရွမ်သည် ရုတ်တရတ် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး အလျင်အမြန် အကြည့်လွှဲလိုက်သည်။
"ပျင်းနေပြီလား?"
ခဲ့ရွမ် မော့ကြည့်လိုက်သည်။ ထိုမျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ ဟုတ်တယ် သူပျင်းတယ်။ သေလောက်အောင် ပျင်းနေတယ်။
"ဒီကနေ ထွက်သွားရအောင်"
ခဲ့ရွမ်က အားတက်သရော ခေါင်းညိတ်သည်။ သူ ဒီကနေ ထွက်သွားချင်နေတာကြာပြီ။ သို့သော် စစ်ယွိဟန်နှင့် လင်ချင်းယဲ့တို့သည် ဤရက်အနည်းငယ် အတွင်း သူ့ကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး သူဘာပဲလုပ်လုပ် မသင့်လျော်သည့်အရာမှန်သမျှကို မလုပ်မိစေရန် တားဆီးကြသည်။
ကြောက်စရာကောင်းတယ်။
ခဲ့ရွမ် မတ်တပ်ရပ်တော့မည်အပြု။
အခန်းထဲကို ရောက်လာတဲ့ လင်ချင်းယဲ့က သူ့ကို တားလိုက်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now