Ch 154: စစ်ယွိဟန်အား ခစားခြင်း/စစ္ယြိဟန္အား ခစားျခင္း

11.3K 1.1K 10
                                        

Unicode

ခဏလောက်မျှ ခဲ့ရွမ်သည် ဝမ်းနည်းစိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ အမြဲတစေ စိတ်ဆိုးစိတ်ကောက် လွယ်ပြီး အလိုလိုက်ထားခံရသော ကလေးတစ်ယောက် ကဲ့သို့ သူ၏ရှောင်ဟန်လေးသည် ဘယ်သောအခါမှ ပြန်လာမည် မဟုတ်တော့ပါ။

ထို့ကြောင့် ခဲ့ရွမ်သည် စစ်ယွိဟန်အား မကျေမနပ် ကြည့်လိုက်၏။

သူ ငါ့ကို နာကြည်းနေတာလား?

စစ်ယွိဟန် မတ်တပ်ထရပ်လိုက်သည့်အခါ ခဲ့ရွမ် မသိစိတ်မှ သက်ပြင်းတစ်ချက်ချလိုက်သည်။ 'သူငါ့ကိုပြဿနာမရှာလို့ တော်ပါသေးတယ်။ သူက ငါ့ကို ဖိအားတွေ အများကြီးပေးတာပဲ။ ငါသူ့ကို အရမ်းကြောက်နေပါပြီ'

စစ်ယွိဟန်က အေးစက်စွာပြောလိုက်သည်။

"ဝင်လာခဲ့"

နန်းတော်မှ အစေခံများသည် ခေါင်းငုံ့ကာ အဝတ်အချို့နှင့် ရေအင်တုံအချို့ကို သယ်ဆောင်လာကြသည်။ ခဲ့ရွမ်သည် ကုတင်ပေါ်တွင်ထိုင်ကာ ဘာမှမပြောဘဲ ခေါင်းငုံ့ထား၏။

စစ်ယွိဟန်သည် မြေကြီးထဲ ခေါင်းထိုးစိုက်နေသော ငှက်ကုလားအုတ်ကဲ့သို့ ခဲ့ရွမ်ကိုကြည့်ပြီး သူ့မျက်လုံးများသည် ကြည်နူးစွာဖြင့် တောက်ပနေလေသည်။ ထို့နောက် သူသည် အေးစက်စွာဆို၏။

"ဘာဖြစ်လို့လဲ.. ဧကရီတစ်ပါးအနေနဲ့ ဘာလုပ်ရမလဲဆိုတာ မသိဘူးလား"

"အမ်?" ခဲ့ရွမ်သည် ခေါင်းကိုမော့ကာ ကြောင်တက်တက်ဖြင့် ကြည့်လိုက်သည်။

သူသည် ယခုအခါမှ ဧကရီဖြစ်ဖူးခြင်း ဖြစ်သည်။ သူ ဘာလုပ်ရမယ်ဆိုတာ သူဘယ်လိုသိနိုင်မှာလဲ။

"ကိုယ့်ကို ဆေးကြောသန့်စင်ဖို့နဲ့ အဝတ်လဲဖို့ ကူညီပေးပါအုံး"

'မင်းကို ဆေးကြောသန့်စင်ဖို့နဲ့ အဝတ်လဲဖို့ ကူညီရမယ်?'

မင်းရဲ့ ဦးနှောက်မှာ တစ်ခုခုချို့ယွင်းနေတာတော့ မရှိလောက်ဘူး မဟုတ်လား?

မင်းက မသန်မစွမ်းမဟုတ်ဘူး။ ဘာကိစ္စ ငါ့ကို အဲဒါတွေ လုပ်ခိုင်းရတာလဲ။ ငါငြင်းပယ်တယ်။

ခဲ့ရွမ်သည် သူ့ကိုငြင်းဆန်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်နေပုံရသော်လည်း စစ်ယွိဟန်၏ အေးစက်သောမျက်လုံးများနှင့် ဆုံတွေ့သည့်အခါ..

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now