Ch 40: Pretending to Be the Government's Money

11K 1.6K 8
                                    

(Unicode)

Chapter-40 Pretending to Be the
Government's Money

ခဲ့ရွမ် အသက်ပြင်းပြင်းရှူလိုက်သည်။ ယုံကြည်မှုဆိုတာ ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် ယုံကြည်မှုလွန်ကဲခြင်း ကတော့ ဒုက္ခဖြစ်စေနိုင်ပါသည်။

ခဲ့ရွမ် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ပြောလိုက်သည်။

"စစ်သူကြီးလင်.. မင်းက မီးတောက်နီတိုင်းပြည်ရဲ့ စစ်သူကြီး။ မင်းကို တခြားသူတွေထက် ပိုပြီး အသက်ရှင်စေချင်တယ်.. အချို့ အသေးစိတ် အချက်အလက်လေးတွေ လွဲချော်သွားတာကြောင့်နဲ့ မင်းကို အန္တရာယ်မဖြစ်စေလိုဘူး.. နားလည်ရဲ့လား?"

လင်ချင်းယဲ့၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ခေါင်းကို မော့လိုက်သည်။

ခဲ့ရွမ်သည် ထူးထူးခြားခြား တစ်စုံတစ်ရာကို သတိမထားမိပေ။ သူက လင်ချင်းယဲ့၏ စိုးရိမ်မှုနှင့် အကြောက်တရားအားလုံးကို ရှင်းထုတ်ပေးပစ်ချင်သည့် အလား စိတ်ပျက်အားငယ်သည့် ပုံစံဖြင့်သာ ကြည့်နေသည်။

"သခင်လေး.. သင်..."

လင်ချင်းယဲ့က မကျေမနပ်ဖြစ်တဲ့ပုံမပြတော့ ခဲ့ရွမ်က သူ့စကားကို တကယ်နားထောင်နေတယ် ထင်ပြီး ဆက်ပြောလိုက်သည်။

"အဲဒီဓားပြတွေက အစိုးရငွေတွေကို လုယက်ရတာ ကြိုက်တယ် မဟုတ်လား.. ဒါဆို အစိုးရ‌ငွေ ပို့ပေးတဲ့ လူတွေလို အယောင်ဆောင်ထားတဲ့ စစ်သည်တချို့ကို ဘာလို့မလွှတ်လိုက်တာလဲ.. ငွေပို့ပေးတဲ့လူတွေ
အကုန်လုံး ပျောက်နေတယ်လို့ ပြောကြတယ် မဟုတ်လား.. သူတို့က ချောင်တောင်ပေါ်ကို ပြန်ပေးဆွဲခံရတယ်လို့ ငါထင်တယ်"

အောက်ကိုငုံ့ကြည့်လိုက်တော့ လင်ချင်းယဲ့က ဒီကိစ္စကို တကယ်စဉ်းစားနေပုံရသည်။

"စစ်သူကြီး?" ခဲ့ရွမ်က သူ့ကို သေချာကြည့်လိုက်သည်။

"သင် တကယ် အရွယ်ရောက်လာပြီပဲ" လင်ချင်းယဲ့က သူ့ခေါင်းကိုမော့ပြီး ပြုံးလိုက်သည်။

ခဲ့ရွမ်လည်း သက်ပြင်းတစ်ချက်ချကာ ရယ်မောလိုက်သည်။ သူ့မျက်လုံးတွေက ကောင်းကင်ပေါ်က ကြယ်တွေလို အရမ်းလှပနေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now