(Unicode)
Chapter-52 Follow His Heart
မှောင်လာသည်နှင့်အမျှ တောင်ပေါ်ရှိ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
ဒီည တောင်ပေါ်ကနေ မထွက်နိုင်တော့တာမလို့ ပုန်းဖို့ နေရာတစ်နေရာ ရှာရပေမည်။ ညအချိန် တောင်ပေါ်၌ သားရဲများ ပေါ်လာခြင်း ရှိမရှိကို ဘုရားသခင်သာ သိတော်မူလိမ့်မည်။
"ဟန်.. ငါတို့ ဒီည အပြင်မထွက်နိုင်တော့ဘူး.. အနားယူဖို့ သစ်ပင်ပေါ်တက်ရအောင်"
စစ်ယွိဟန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ!"ခဲ့ရွမ် ခေါင်းကို မော့လိုက်သည်။ သူ့အကြည့်တွေက ခိုင်ခံ့တဲ့အကိုင်းအခက်တွေရှိတဲ့ သစ်ပင်ကြီးပေါ်သို့ ရောက်သွားသည်။ ခဲ့ရွမ်သည် ထိုသစ်ပင်က လုံခြုံစိတ်ချရပြီး အိပ်လို့ရနိုင်သည်ဟု တွေးလိုက်သည်။ ထို့နောက် စစ်ယွိဟန်နှင့်အတူ သစ်ပင်ဆီသို့ လျှောက်သွားတော့သည်။
သူသည် သစ်ပင်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ထူးဆန်းသော အရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ့ခြေဖဝါးအောက်က မြေပြင်မှာ တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရ၏။ သူ မတုံ့ပြန်ရသေးခင်မှာ မြေပြင်က ရုတ်တရက် ကျွံကျသွားပြီး ချက်ချင်း နှစ်ယောက်လုံး ပြုတ်ကျသွားတော့သည်။ သူသည် သူ့လက်များကို ဆန့်ထုတ်ကာ စစ်ယွိဟန်ကို ဆုပ်ကိုင်လိုက်ပြီး ပြုတ်ကျသည့် အရှိန်ကိုလျှော့ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ နောက်ဆုံးတော့ သူတို့ မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်။ ခဲ့ရွမ်သည် သူ့ခြေထောက် ကျိုးသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ လက်ရှိခံစားချက်ကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍မရနိုင်ပေ။
သူ စစ်ယွိဟန်ကို လွှတ်ပေးပြီးနောက် လဲကျသွားကာ သူ့အာရုံတစ်ခုလုံး မှောင်မိုက်သွားတော့သည်။
စစ်ယွိဟန် မျက်မှောင်ကြုတ်လိုက်၏။ လရောင် အောက်တွင် ခဲ့ရွမ်၏ ဖျော့တော့သောမျက်နှာကို သူ မြင်နေရသည်။ သူ ငုတ်တုတ်ထိုင်လိုက်ကာ ခဲ့ရွမ်ကို အနီးကပ် စိုက်ကြည့်လိုက်သည်။ သူက သူ့မျက်နှာကို တို့ထိပြီး ပြောလိုက်၏။
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Ficción históricaBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...