Ch 109: ရှုံးနိမ့်ခြင်း/ရှုံးနိမ့်ခြင်း

7K 1K 22
                                    

(Unicode)

ဘမ်း!

ချီမိသားစုကိစ္စတောင်မှ ပါဝင်လာတဲ့အတွက် ဒီကိစ္စက ပိုပိုပြီး လေးနက်လာခဲ့သည်။ လိန်ကျန်းက အလွန်စိတ်ရင်းမှန်သော ပုံစံဖြင့် ဆို၏။

"အရှင်မင်းကြီး.. ကျွန်တော်မျိုး ဘာအမှားမှ မလုပ်ခဲ့ပါဘူး"

ခဲ့ရွမ်က လှောင်ပြောင်လိုက်သည်။

"ခင်ဗျား အမှားမလုပ်ခဲ့ဘူးတဲ့လား? ချီမိသားစုမှာရှိတဲ့ လူအယောက် တစ်ရာကျော်ကရော ဘယ်လိုလဲ။ သူတို့ မမှားခဲ့ကြဘူးမလား။ ငါတို့ရဲ့ ချစ်လှစွာသော အမတ်ချုပ်ကို မေးဖို့လိုတယ်.. အဲလိုမဟုတ်တာတွေ လုပ်ပြီးရင် ခင်ဗျားနောက်ကို ပြန်လိုက်လာမှာကို မကြောက်ဘူးလား?"

လိန်ကျန်းက ရုတ်​တရက်​ ထရပ်​ပြီး ခဲ့ရွမ်ကို ကြည့်​လိုက်​သည်​။ မတရားစွပ်စွဲခံရသလိုမျိုး သူ့မျက်လုံးတွေက ပြူးထွက်လုမတတ် ဖြစ်နေ၏။

"အရှင့်သား.. ကျွန်‌တော်မျိုးက ဘာမှမဟုတ်ပေမယ့် တိုင်းပြည်အပေါ်တော့ သစ္စာစောင့်သိပါတယ်။ အရှင့်သား အခုလို ပြောနေတာတွေက ကျွန်တော်မျိုး၏ ခံစားချက်ကို အမှန်တကယ် ထိခိုက်နာကျင်စေပါတယ်။ အရှင့်သားမှာ သက်သေရှိလို့လား?"

ခဲ့ကျန်း၏မျက်နှာသည် ကြည့်ရဆိုးနေ၏။ သူက ခဲ့ရွမ်ကို စိတ်ပူကာ စိတ်ပျက်လက်ပျက် ကြည့်နေသည်။ ထိုအရာကို လင်ချင်းယဲ့သည် သတိပြုမိသော်လည်း ခဲ့ရွမ်ကို ယနေ့တွင် မည်သူမျှ တားဆီးနိုင်ပုံမရပေ။

"သေချာပေါက် သက်သေရှိတာပေါ့"

ခဲ့ရွမ်သည် မတ်တပ်ထရပ်လိုက်ပြီး အရာရှိတွေ သူတို့ရဲ့ ပြစ်မှုတွေကို ဝန်ခံထားတဲ့ စာတွေကို သူ့ဝတ်ရုံလက်ကနေ ထုတ်ယူလိုက်လေသည်။

ခဲ့ကျန်းအား အစေခံသော မိန်းမစိုးများသည် လှေကားမှ ဆင်းကာ စာများကိုယူ၍ ခဲ့ကျန်းအား ပေးအပ်လိုက်သည်။

ခဲ့ကျန်း ထိုစာများကို ဖွင့်ကြည့်လိုက်တဲ့အခါ အမျက် ထောင်းထောင်း ထွက်သွားရ၏။ သူသည် ခဲ့ရွမ်ကို သတိပေးသည့်ပုံစံဖြင့် ကြည့်လာသည်။

"အရှင်မင်းကြီး.. မင်းသားလေးပြောတဲ့ သက်သေ အတိအကျကို ကျွန်တော်မျိုးသိချင်ပါတယ်"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now