9.1K 1.1K 41
(Unicode)
"မီအောင်လိုက်ခဲ့!" စစ်ယွိဟန်သည် ရှေ့သို့ ခြေလှမ်း အနည်းငယ်လှမ်းပြီး သူ့နောက်မှ ရင်းနှီးသော ခြေသံများကို မကြားရသောအခါ အေးစက်စွာ အော်လိုက်သည်။
စစ်ယွိဟန်သည် သူ့အား ကျောခိုင်းထားသောကြောင့် ခဲ့ရွမ်သည် သူ့မျက်လုံးများတွင် စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို သတိမထားမိပေ။
နန်းဆောင် အနိမ့်၊အမြင့် အားလုံးသည် ရှေးယခင်က အတိုင်း ပြောင်းလဲခြင်းမရှိပေ။ သို့သော်လည်း နန်းတော်ပိုင်ရှင် ပြောင်းသွားပြီးနောက် စစ်ယွိဟန်သည် ဤနေရာတွင် ဆက်ရှိနေနိုင်သည်ကို ခဲ့ရွမ် အံ့သြသွားခဲ့သည်။
သူသည် ရွှေပလ္လင်ခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ နှစ်ဖက်စလုံး၌ ရပ်နေသော အမတ်များသည် သူတို့ လျှောက်လှမ်းလာသည်ကို စောင့်ကြည့်နေကြ၏။ ခဲ့ရွမ်သည် သူတို့၏ မျက်လုံးများတွင် ပြင်းထန်သောလှောင်ပြောင်မှုများနှင့် ရောထွေးနေသော မနာလိုမှုများကို ခံစားနိုင်သည်။ ယခု ခဲ့ရွမ်သည် စိတ်ဓာတ်ကျနေပြီး သူ့ဘဝ လုံးလုံး လျားလျား နစ်မွန်းသွားသလို ခံစားလိုက်ရသည်။
သူဧကရီ လုံးဝမဖြစ်ချင်ခဲ့ဘူး ဟုတ်ပြီလား? ဒါပေမယ့် ဒီလူတွေက တကယ်ပဲ ခဲ့ရွမ်ကို လက်လျှော့လိုက် ကြသည်။ ပူးတွဲစာတင်နည်းကို မသိကြဖူးလား။ သူနဲ့ လင်ချင်းယဲ့ကို သေဒဏ်ပေးဖို့ ပူးတွဲစာတင်သွင်းခဲ့ တုန်းကကျတော့ သူတို့အတော်လေး ကောင်းကောင်း လုပ်ခဲ့ကြသည်။ ဒါ​ပေမယ့်​ ဒီအချိန်​ကျမှ သူတို့အားလုံး ဘာလို့ တိတ်ဆိတ်​​နေကြတာလဲ။
လွန်ခဲ့သောတစ်လက ခဲ့ရွမ်သည် အဆင့်အတန်း မြင့်သော ဧကရာဇ်တစ်ပါးဖြစ်သည်။ တစ်လ ကြာပြီးနောက် သေချာသည်မှာ သူသည် အဆင့်အတန်း မြင့်နေသေးသော်လည်း ယခုမှစ၍ ယောက်ျား တစ်ယောက်၏ ဖိနှိပ်ခြင်းကို အမြဲခံနေရသည်။ သူ့ထက် ဘယ်သူက ပိုသနားစရာ ကောင်းနိုင်မလဲ။
ယခု သူသည် ဧကရာဇ်မင်းမြတ်နောက် ဒုတိယ အဆင့် အမြင့်ဆုံးဖြစ်သည့် မြင့်မြတ်သောရာထူးကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့သည်။ ခဲ့ရွမ်သည် ပထမဆုံးအကြိမ် အမြင်အာရုံကောင်းမွန်ခြင်းသည် ကောင်းမွန်သော အရာမဟုတ်ဟု ခံစားခဲ့ရသည်။ သူသည် ထိုအမတ်များ၏ မျက်နှာပေါ်ရှိ အမူအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now