Ch: 22 (U+Z)

13.1K 1.9K 9
                                    

Unicode

Chapter-22 အရည်ထူခြင်း။

လင်ချင်းယဲ့၏ မျက်လုံးများသည် အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ဘယ်အချိန်ကစမှန်း
မသိဘဲ ခဲ့ရွမ်ကို သူအရင်ကလို မမုန်းတော့ပါ။ တကယ်တော့ သူသည် အိမ်ရှေ့စံ၏ နည်းပြဆရာ ဖြစ်ခဲ့ဖူးသည်။ ဧကရာဇ်က ခဲ့ရွမ်ကို ကာကွယ်ရန် တောင်းဆိုသောအခါ ငြင်းပယ်ချင်သော်လည်း မပြုလုပ်နိုင်ပေ။

ဒါက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ဖြစ်တဲ့အတွက် ငြင်းဆန်လဲ အသုံးမဝင်ပေ။ သူသည် မာနကြီးတဲ့ မင်းသားကိုကြည့်ပြီး မထီမဲ့မြင်မပြုဘဲ မနေနိုင်ချေ။

သို့သော် ထိုအကျင့်ဆိုးများကို တွေ့ကြုံပြီးနောက် လင်ချင်းယဲ့သည် သူ့အား ကုသ၍မရနိုင်ဟု ထင်လာသည်။

ခဲ့ရွမ်က သံသယဖြင့် မေးလိုက်သည်။
"တကယ်လား"

လင်ချင်းယဲ့ က ခေါင်းညိတ်လိုက်သည်။

တံခါးနောက်တွင် စစ်ယွိဟန် ရပ်နေ၏။
ခဲ့ရွမ် နီးကပ်လာကတည်းက သူက တံခါးရှေ့မှာ ရပ်နေခဲ့တာဖြစ်ပြီး ခဲ့ရွမ်အား အထဲသို့ ဖိတ်ခေါ်သင့်၊ မသင့် လွန်ဆွဲလျက်ရှိသည်။ ထို့နောက် လင်ချင်းယဲ့ ရောက်လာပြီး သူ့အတွေးတွေကို ဝင်နှောင့်လိုက်၏။

ခဲ့ရွမ်က သူ့ကို ဈေးဝယ်ထွက်ရန် ဖိတ်ခေါ်ဖို့လာတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။ သူ့အပေါ်တောင် အနည်းငယ် အထင်ကြီးမိသွား၏။ သို့သော်လည်း ခဲ့ရွမ်သည် မီးတောက်နီတိုင်းပြည်၏ မင်းသားဖြစ်သည်။ သူ့မှာ မရှိသေးတဲ့အရာ ဘာမှမရှိပေ။ ဒါကြောင့် သူကိုယ်တိုင် ဈေးဝယ်ထွက်ဖို့ လိုအပ်သလော?

သို့သော် သူသည် နောက်ကြောင်းပြန်မတွေးဘဲ မနေနိုင်ပေ။ ထိုနေ့က ခဲ့ရွမ်ပြောတာကို သူ မှတ်မိနေသေးသည်။ "ယွီလျောင်းခရိုင်ကိုရောက်ရင် မင်းလိုချင်တာမှန်သမျှ အကုန် ဝယ်ပေးမယ်"

စစ်ယွိဟန်က ခဲ့ရွမ် သူ‌ပြောခဲ့တဲ့စကားတွေကို မှတ်မိသေးတာလားလို့ သိချင်မိသည်။ ဒါကြောင့်
သူ့ကို ဈေးဆီ ခေါ်သွားချင်တာ ဖြစ်နိုင်သည်။

ဒါက အချိန်မှားပြီးရောက်လာတဲ့ လင်ချင်းယဲ့၏ အမှားပင်။ မဟုတ်ရင် ခဲ့ရွမ်က သူ့တံခါးကို ခေါက်ပြီးသားဖြစ်နေမှာ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now