Ch 145: မင်္ဂလာဦးည (၁)/မဂၤလာဦးည (၁)

10.5K 1.1K 22
                                    

(Unicode)

စစ်ယွိဟန်သည် ခဲ့ရွမ်၏ မေးရိုးကို ဆွဲကိုင်လိုက်ပြီး အံကြိတ်လျက်ဆိုသည်။

"ဧကရီ.. မင်းက တခြားသူတွေရဲ့ နာမည်ကိုခေါ်ရတာ ကြိုက်တယ်.. မင်းက အမြဲတမ်း အဲလိုပဲ။ ကိုယ်တော့ သိပ်သဘောမကျဘူးနော်။ ကိုယ်လိုအပ်တာတွေ လုပ်သင့်ပြီထင်တယ်"

သူသည် လွန်ခဲ့သည့် ခုနစ်နှစ်ကတည်းက ခဲ့ရွမ်၏ အလွန် ချိုမြိန်သောအပြောများကို ကြိုက်ခဲ့သည်။ ခဲ့ရွမ်သည် လူများကို ချော့မြူတဲ့နေရာမှာတော်ပြီး တော်တော်များများကို သူ့စကားနားထောင်လာအောင် ပြုလုပ်နိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။

စစ်ယွိဟန်သည် ခဲ့ရွမ်၏ လှပသောနှုတ်ခမ်းများကို စိုက်ကြည့်နေ၏။ သူ့ရဲ့လည်ချောင်းတွေ အရမ်း ခြောက်နေသလို ခံစားလိုက်ရပြီး သူ့ရဲ့ အာဒန်ပန်းသီး (လည်စိ)က အပေါ်အောက် ရွေ့လျားသွားသည်။

အဖြစ်အပျက်များအပေါ် ခဲ့ရွမ်နှင့် စစ်ယွိဟန်၏ နားလည်မှုမှာ လုံးဝကွဲပြားပါသည်။

ခဲ့ရွမ် မျှော်လင့်ထားသော တုံ့ပြန်မှုသည် ရက်စက် ကြမ်းကြုတ်သော အရာတစ်ခုဖြစ်သည်။

သူ့လျှာကိုဖြတ်ထုတ်ပြီး ပါးစပ်ကို ချုပ်သလိုမျိုး...

ဤအရာသည် လုံးဝဖြစ်နိုင်ပါသည်။ ဇာတ်လိုက်သည် မူမမှန်သောကြောင့် သူဘာမဆိုလုပ်နိုင်သည်။ ခဲ့ရွမ်သည် ချက်ချင်းပင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်၏။

'အချိန်နှင့်လျော်ညီသော အပြုအမူကို ပြုသောသူသည် ပညာရှိသည်' သူ့အသက်ကို ယခု ကယ်တင်ဖို့ အရေးကြီးပေသည်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏နာခံမှုကို ကျေနပ်သောကြောင့် အခမ်းအနားပြီးသောအခါ သူ့ကို ပြန်ခွင့်ပြုခဲ့သည်။

ရွမ်ဟန်နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ခဲ့ရွမ်သည် အခြားမြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ သူမြင်နိုင်သမျှ အရာအားလုံးသည် အနီရောင်ဖြစ်နေသည်။ ခဲ့ရွမ်သည် သူ့မျက်လုံးများကို ပွတ်သပ်ကာ လှည့်စားနေသလားဟု မတွေးဘဲ မနေနိုင်ပေ။

သူ ခဏလောက်ပဲ ထွက်သွားခဲ့တာ မဟုတ်လား? ဒီလို ကြီးမားတဲ့ အပြောင်းအလဲက ရုတ်ချည်း ဘယ်လိုဖြစ်လာနိုင်မှာလဲ?

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now