Ch 152: သေရည်ယစ်မူးခြင်း/ေသရည္ယစ္မူးျခင္း

10.8K 1K 19
                                        

(Unicode)

လင်ချင်းယဲ့သည် အတော်မူးနေပုံရသည်။ သူသည် နာခံမှုရှိရှိ မတ်တပ်ရပ်ကာ ချီချန်ရဲ့စကားကို မတုံ့ပြန်ဘဲ သူ့ခန္ဓာကိုယ်ကို ချီချန်အား မှီခိုထားလိုက်သည်။

ချီချန်သည် လင်ချင်းယဲ့၏လည်ပင်းကို ညာဘက်ဖြင့် ရစ်ပတ်ထားပြီး ဘယ်လက်ကို ဒူးအောက်ထားကာ လင်ချင်းယဲ့အား ပွေ့ချီ၍ သူ့အိပ်ခန်းသို့ သယ်ဆောင်သွားခဲ့သည်။

သူ၏ ရင်ဘတ်သည် ထုံမွှမ်းသော နာကျင်မှုများဖြင့် တဆတ်ဆတ်တုန်နေကာ ပိုမိုအေးစက်မာကြောလာပြီး မျက်လုံးများသည်လည်း ပိုမိုနက်ရှိုင်းလာသည်။

သူသည် လင်ချင်းယဲ့အား သူ၏ကုတင်ပေါ်သို့ ဂရုတစိုက် ချထားပြီးနောက် ခေါင်းပေါ်ရှိ အဆင်တန်ဆာကို ညင်သာစွာ ဖယ်ရှားလိုက်သည်။ လင်ချင်းယဲ့၏ နက်မှောင်သော ဆံပင်များသည် ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေပြီး သေရည်ကြောင့် သူ၏ လှပသောပါးပြင်များသည် အနည်းငယ် နီမြန်းနေကာ ဖရိုဖရဲအလှတရားကို ဖြစ်ပေါ်စေသည်။

ခေါင်းအုံးကိုထိလိုက်သည်နှင့် လင်ချင်းယဲ့သည် သူ့မျက်လုံးများကို အလိုလိုမှိတ်ထားပြီး အိပ်ပျော် သွားတော့မည်ဖြစ်သည်။

ချီချန် နူးညံ့စွာပြုံးလိုက်၏။ သူ၏ အစ်ကိုချင်းယဲ့သည် အမြဲတမ်း ဤအတိုင်းပင်။ သူသည် သေရည် မသောက်တတ်သော်လည်း သောက်ပြီးနောက်တွင်မူ အလွန်နာခံမှုရှိကာ ငြိမ်ငြိမ်လေးနေပြီး အိပ်ပျော်သွားတတ်သည်။

ထို့နောက် ချီချန်သည် တစ်ခုခုကိုတွေးမိပြီး သူ၏ ပြုံးရောင်သန်းနေသော မျက်လုံးများမှာ ချက်ချင်း အေးစက်သွားလေ၏။ သူ၏အကြည့်များသည် လင်ချင်းယဲ့၏ နဖူးမှစ၍ သူ၏နှာတံ၊ နှုတ်ခမ်းနှင့် လည်စိဆီသို့ တဖြည်းဖြည်း ကျဆင်းသွားလေသည်။

ရုတ်တရက် ချီချန်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လင်ချင်းယဲ့၏ပါးပြင်ကိုညင်သာစွာပွတ်သပ်လိုက်သည်။ သူ့အသားအရည်သည် ဖြူဖွေးပြီး တို့ဟူးကဲ့သို့ နူးညံ့သည်။

ချီချန်သည် မကောင်းသောစိတ်၏လွှမ်းမိုးခြင်းကို ခံရသကဲ့သို့ ခေါင်းငုံ့ထားသော်လည်း သူ၏နှုတ်ခမ်းကို မနမ်းခဲ့ပေ။ သူသည် လင်ချင်းယဲ့နှင့် တစ်လက်မ အကွာတွင် ရပ်တန့်သွားပြီး သူတို့၏အသက်ရှုသံများကို ရောထွေးစေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now