Part 7

5.7K 609 1
                                    

အပိုင်း (၇)
ငါတကယ်ချမ်းသာတာပဲ

ရှောင်းယီ ကို နန်းပေါင်ရီ ကျေးဇူးတင်ကြောင်းပြောပြီး ကျင်းရီ ဆောင်ဘက်သို့ ပြန်လာခဲ့သည်။

သူမ၏ရတနာသေတ္တာထဲမှ ပိုက်ဆံများထုတ်ယူပြီး ရေတွက်လိုက်သည့်အခါ သူမ၏မိသားစုများမှ အန်ပေါင်းပေးထားသောအိတ်အနီလေးများနှင့် သူမကိုယ်တိုင်စုထားသောမုန့်ဖိုးများအပါအဝင် ရွှေစ ၂၅၀၀ တိတိ ရှိကြောင်း တွေ့လိုက်ရသည်။ ရွှေစ ၂၅၀၀ သည် ပြဇာတ်အကမယ်တစ်ယောက်ကိုမဆိုထားနှင့် ပြဇာတ်တစ်ခုလုံးပင် ဝယ်နိုင်သည်အထိ တန်ဖိုးများလှသည်။

"ငါတကယ်ချမ်းသာတာပဲ"

အတိတ်ဘဝတွင် အစာနှင့်အဝတ်အထည်တို့ ပြတ်လပ်သည်ကိုတွေ့ကြုံခဲ့ရသဖြင့် နန်းပေါင်ရီ သူမပိုင်ဆိုင်သည့်ငွေကို ပျော်ရွှင်စွာကိုင်ထားရင်း ဟယ်ယဲ့ ကို အမြန်ခေါ်လိုက်ပြီး အပြင်သွားရန် လှည်းအသင့်ပြင်ခိုင်းလိုက်သည်။

ဟယ်ယဲ့ လည်း စိုးရိမ်တကြီးနှင့် ...

"သခင်မလေးနေပြန်ကောင်းလာတာမကြာသေးဘူးလေ ဘာလို့အပြင်ထွက်ချင်နေရတာလဲ .. မဆိုးပါနဲ့တော့ သခင်မလေးရယ် .. တစ်ခုခုဖြစ်သွားရင် သခင်မကြီးနဲ့ သခင် ၃ကို ဘယ်လိုရှင်းပြရတော့မလဲ"

နန်းပေါင်ရီ ငွေစက္ကူများကို အိတ်ငယ်တစ်လုံးတွင်ထည့်ပြီး အကြောင်းပြချက်ကို လိမ္မာပါးနပ်စွာပြောလေသည်။

"ဘွားဘွားရဲ့ခြံဝင်းက တိတ်ဆိတ်နေတာ .. ဘွားဘွားကလည်း ပြဇာတ်တွေကြည့်ရတာကြိုက်တယ်ဆိုတော့ ပြဇာတ်ရုံကိုသွားပြီး အဆိုသမနှစ်ယောက်လောက် ဝယ်ပေးပြီး အိမ်တော်မှာခေါ်ထားမလို့ ... ဘွားဘွားလည်း အချိန်မရွေးနားထောင်လို့ရသွားတာပေါ့ ... ဒီလိုကောင်းကောင်းမွန်မွန်နဲ့ထွက်ရင်တော့ ဘွားဘွားမဆူလောက်ပါဘူး"

ဟယ်ယဲ့ လည်း နန်းပေါင်ရီ ကို မဖျောင်းဖျနိုင်တော့ဘဲ လှည်းတစ်စီးအမြန်ပြင်ဆင်လိုက်ရသည်။ တစ်နာရီကြာပြီးနောက် အိမ်ကြီးတစ်အိမ်ရှေ့တွင် လှည်းရပ်သွားလေသည်။ ဟယ်ယဲ့ လက်ကိုထိန်းကိုင်ပေးပြီး နန်းပေါင်ရီ လှည်းပေါ်ကဆင်းလိုက်ကာ အိမ်ကြီးကိုကြည့်လိုက်သည်။ ထိုအိမ်ကြီးမှာ ကျင်ကွမ်း မြို့တွင် အကြီးကျယ်ဆုံးသောပြဇာတ်ရုံဖြစ်သည်။ မုခ်ဝတွင်လည်း 'နွေဦးကျောက်စိမ်းခန်းမ' ဟူသော စာတန်းကြီးကိုချိတ်ဆွဲထားရာ ကြော့ရှင်းပြီးအမြင်ဆန်းနေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now