Unicode
အပိုင်း (၁၉၀)
အမတ်မင်းက သူမ၏လှပမှုကို ဂရုမစိုက်ဘူးဟယ်ယဲ့က စကားဆိုးဆိုး ပြောပြီးနောက်မှာတော့ နန်းပေါင်ရီကို အိပ်ရာထဲဝင်ဖို့ ဖျောင်းဖျလိုက်သည်။
သူမက ပြတင်းကို ပိတ်ချင်ပေမယ့် ပြတင်း၏အောက်မှာ အနက်ရောင် ကျောက်စိမ်း ဝါးကျည်တောက် လေးကို ချိတ်ထားတာကို တွေ့လိုက်ရသည်။ ထိုဝါးကျည်တောက်လေးမှာ နှင်းပွင့်တွေ အများကြီး စုပုံနေသည်။
သူမက သတိပေးလိုက်သည်။
“မမလေး၊ အဲ့လို တန်ဖိုးကြီးသော ပစ္စည်းကို ပြတင်းမှာပဲ အမြဲတမ်း ချိတ်မထားသင့်ဘူး၊ လူတွေက ဖြတ်သွားကြရင် တွေ့သွားကြမှာပေါ့”
သူမကပြောပြီး ဝါးကျည်တောက်လေးကို ဖြုတ်ယူလိုက်သည်။
“မဖြုတ်နဲ့”
နန်းပေါင်ရီက အလျင်စလို ဟန့်တားလိုက်သည်။
အမတ်မင်းဆီကို ပေးပို့တဲ့ စကားသံတွေလေ၊ သူမက ဘယ်လိုလုပ်ပြီး ဖယ်ပစ်ရမလဲ။
သူက သူမဆီကို တစ်နေ့မှာ စာရေးပေးလာမယ် ဆိုရင် ထိုအရာက မရှိလို့မဖြစ်ပါချေ။ မဟုတ်ရင် သူမ မရပဲနေလိမ့်မည်။
သူမက မွေ့ရာကို ဖက်ထားလိုက်ပြီး “အဲ့ဒီမှာပဲ ချိတ်ထားလိုက်၊ ကြည့်လို့ ကောင်းပါတယ်…. အဲ့ဒီမှာပဲ ထားလိုက်”
ဟယ်ယဲ့က ပိုပိုပြီး စိတ်ရှုပ်ထွေး သွားရသည်။ သူမက မမလေးကို အလိုလိုက်ပြီး ပြတင်းကို ပိတ်လိုက်သည်။ မနက်ဖြန် သူမဝတ်ဖို့ အဝတ်အစားတွေကို သေချာဂရုစိုက်ပြီး မီးအိုးလေးပေါ် ဖြန့်တင်ပေးနေသည်။ ထူထဲတဲ့ ဝတ်စုံကို ရွေးပေးဖို့လည်း မမေ့ပါချေ။
ကန့်လန့်ကာက အနည်းငယ် ထွင်းဖောက် မြင်ရသည်။
အခန်းထဲက မီးအိမ်တွေ တော်တော်များများကို ဟယ်ယဲ့က ငြှိမ်းသတ်လိုက်ပြီး ညအိပ်မီးရောင် မှိန်ဖျော့ဖျော့ကသာ အရိပ်ကျနေသည်။
နန်းပေါင်ရီက မျက်လုံးတွေကို မှိတ်လိုက်ပေမယ့် ရှောင်းယီ၏ပုံစံက သူမ၏ အတွေးထဲမှာ ထင်ဟပ်နေသည်။
أنت تقرأ
အာဃာတပြန်တမ်း
أدب تاريخيဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...