Unicode
အပိုင်း (၁၇၃)
အမတ်မင်း၏ပခုံးတွေပေါ်မှာထိုင်ခြင်းနန်းကျင်က တောင့်ခဲသွားရသည်။
သူက လျိုလန်အာကို စိုက်ကြည့်လိုက်သည်။ ကောင်မလေးက ချိုမြိန်တဲ့ အပြုံးကိုပြုံးရင်း စိတ်ပါလက်ပါနဲ့ စွပ်ပြုတ်တစ်စွန်းကို ခပ်ယူလိုက်သည်။
“တချို့အရာတွေက ကြည့်မကောင်းပေမယ့် အရသာ ရှိတတ်တယ်၊ ဝမ်းကွဲအစ်ကို့ ဘကြီးရဲ့သမီးက ကြည့်ကောင်းပေမယ့် ဉာဏ်သိပ်မကောင်းတော့ ဝမ်းကွဲအစ်ကိုရဲ့ လှျို့ဝှက်ချက်ကို ထိန်းမထားနိုင်မှာ စိုးရိမ်တယ်”
နန်းကျင်က စာရွက်လိပ်ကို သိမ်းလိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး မိန်းကလေး၏ လည်တိုင်ကို ဖမ်းချုပ်လိုက်သည်။
သူက အသံပြင်းပြင်းနဲ့ “မင်းသိလား၊ မင်းဘာပြောနေလဲဆိုတာကို”
“လန်အာက ဝမ်းကွဲအစ်ကို ဘက်ကပါ၊ ဘာလို့ ညီမကို အကြမ်းဖက် နေတာလဲ”
လျိုလန်အာက အလွန်သနားစရာ ကောင်းဟန်နဲ့ “ထပ်ပြောရရင် ညီမက အစ်ကို့ အစီအစဉ်ကို အမေ့ကိုလည်း ပြောခဲ့ပြီးသား၊ ဒီည ညီမလေး ဘေးကင်းကင်း ပြန်မရောက်ခဲ့ရင် အမေက သခင်မကြီးကို ချက်ချင်း သွားပြောလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင်တော့ ရှင်တို့ မိသားစု သုံးယောက်မှာ ရွေးချယ်စရာ မရှိတော့ဘူးနော်၊ နန်းအိမ်တော်မှာ နေရဖို့မပြောနဲ့ လူသတ်သမားဆိုတဲ့ သတင်းသာ ပြန့်သွားရင် ဝမ်းကွဲအစ်ကို ကြိုးစားထားတဲ့ ဂုဏ်ပုဒ်တွေအားလုံး အချည်းနှီး ဖြစ်ကုန်တော့မှာနော်”
နန်းကျင်၏ မျက်လုံးတွေက သွေးရောင် လွှမ်းလာသည်။ သူက ကောင်းကင်နဲ့ မြေကြီးကို စီမံတွက်ချက် နေပေမယ့် ဒီခွေးမက သူနဲ့ နန်းယန်တို့ ပြောနေကြတာကို ခိုးနားထောင် နေလိမ့်မယ်လို့တော့ ထင်မှတ်မထားပါချေ။
သူက အေးစက်စွာနဲ့ “မင်းဘာလိုချင်တာလဲ”
“အစ်ကိုက ညီမဘာလိုချင်တာလဲ ဆိုတာ သိပါတယ်”
“မင်းကို ငါက လက်ထပ်စေချင်တာလား”
လျိုလန်အာက လက်ကိုမြှောက်ပြီး သူ၏လည်ပင်းပေါ်က နန်းကျင်၏လက်ကို ဖယ်လိုက်သည်။
VOUS LISEZ
အာဃာတပြန်တမ်း
Fiction Historiqueဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...