unicode
အပိုင်း (၆၅)ငါတို့က မောင်နှမတွေပဲ
မိုးသည်းနေသဖြင့် အနောက်ဘက်ပြတင်းပေါက်မှ ဖက်ရွက်တို့ရိုက်ခတ်သံများကိုပင် ကြားနေရသည်။
ရှောင်းယီ ပြတင်းပေါက်နားတွင်ထိုင်ကာ လက်ဖက်ရည်ခွက်ကိုကိုင်လျက် ကောင်းကင်ကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေသည်။
ရှီးခူ က ငွေစာရင်းစာအုပ်များကို သိမ်းဆည်းရင်း ညင်သာသောအသံဖြင့် ...
"သခင်မလေး ၅က သခင်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်တာ သခင်က ဘာကြောင့်သူ့ကို အမြဲအပြစ်တင်နေရတာလဲ ... သခင်မလေး ၅က ငယ်ငယ်လေးပဲရှိသေးတော့ အမှားလုပ်မိနိုင်တာပဲလေ .. သခင်က သူ့အစ်ကိုကြီးဆိုတော့ ပိုပြီးနားလည်ပေးရမှာမဟုတ်လား"
ရှောင်းယီ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် စစ်ချွမ်း ၏ အလွန်ခါးသက်သော ခူတင်း လက်ဖက်ရည်ကပင် သူ့ကို ရေငတ်ပြေစေခြင်းငှာ မတတ်နိုင်ပေ။
နန်းကျောင်းကျောင်း အတွက် သူ၏ခံစားချက်များမှာ အလွန်ရှုပ်ထွေးနေသည်။
အစပိုင်းတွင် နန်းပေါင်ရီ ကို သူရွံရှာမုန်းတီးခဲ့သည်။ သူမမှာ အလွန်ငယ်ရွယ်သော်လည်း မကောင်းသောစိတ်နှင့် လှည့်စားလိုစိတ်များပြည့်နှက်နေသည့်အပြင် သူမကြောင့် ခဏခဏပြဿနာအမျိုးမျိုး ဖြစ်ခဲ့ရသည်။
သို့သော် ညတွင်းချင်းပင် သူမသည် အခြားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တစ်ဖက်ကို နားလည်ပေးတတ်ခြင်းနှင့် သူမချစ်ရသူတို့ကို မည်သို့ကာကွယ်ပေးရမည်ကို သူမသဘောပေါက်လာသည်။ ထို့အပြင် အနုပညာလေးရပ်ကိုလည်း စိတ်ပါဝင်စားစွာ သင်ယူခဲ့ပြီး အလုပ်ကြိုးစားကာ ပို၍နူးညံ့သန်မာလာပြီး ချစ်စရာကောင်းလာခဲ့သည်။
သူ့ဆီကိုနေ့တိုင်းလိုလို မကြာခဏပြေးလာပြီး စိတ်ကျေနပ်စေရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ အကယ်၍ သူသာ အခြားသောယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့လျှင် ထိုသို့သောညီမလေးတစ်ယောက် ရှိသည်ကို အလွန်ဂုဏ်ယူမိလိမ့်မည်။
![](https://img.wattpad.com/cover/297115591-288-k290594.jpg)
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...