part46

4.8K 523 1
                                    

unicode
အပိုင်း (၄၆)

နန်းကျောင်းကျောင်း စိတ်ဝင်းစားသည့်သူ

အဆုံးမဲ့နှင်းစက်သို့ သွားရမည့်အချိန် ရောက်လာလေပြီ။

နန်းပေါင်ရီ က အစေခံနှစ်ယောက်ဖြစ်သော ဟယ်ယဲ့၊ ယွိဝေ တို့နှင့်အတူ မြင်းလှည်းပေါ်တွင်  ထိုင်လိုက်လာသည်။

သူမက မေးကိုလက်ထောက်ထားပြီး ပြတင်းအပြင်ဘက်ကိုငေးကြည့်နေသည်။

ရှောင်းယီ က သူမထံမှ လက်ဆောင်တောင်းထားသော်လည်း မည်သည့်လက်ဆောင်ပေးရမည်ကို မစဉ်းစားရသေး။ အမတ်လောင်းက ငွေကြေးလည်းမလိုအပ်၊ သာမန်အရာဝတ္ထုများကိုလည်းစိတ်မဝင်စားသဖြင့် တွေးရခက်နေသည်။

သူမပျင်းနေသည်ကိုမြင်ပြီး ယွိဝေ က ဝတ်ရုံလက်၏အိတ်ထဲမှ အပ်ချည်ကြိုးအနီတစ်ကြိုးထုတ်ကာ ပြောလေသည်။

"တောင်ကိုရောက်ဖို့က နှစ်နာရီလောက်လိုသေးတယ် .. သခင်မလေးပျင်းနေရင် ကြောင်ပုခက်ဂိမ်း ကစားကြမလား"

နန်းပေါင်ရီ ၏အကြည့်တို့က အပ်ချည်ကြိုးမှတစ်ဆင့် ယွိဝေ ၏မျက်နှာပေါ်သို့ရောက်သွားသည်။

သူမ၏မျက်ဝန်းများမှာ ဝင်းလက်သွားသည်။

ယွိဝေ သည် ရှောင်းယီ ၏ အစေခံမောင်းမဖြစ်ပြီး အတူနေသည်မှာ ကြာပြီဖြစ်၍ ရှောင်းယီ စိတ်ဝင်စားတတ်သည်များကို သိလောက်မည်။

သူမက ကြောင်ပုခက်ဂိမ်းကို ယွိဝေ နှင့်  အားတက်သရော ကစားပြီးနောက် မေးလေသည်။

"ယွိဝေ .. နင်က ယောက်ျားတွေအကြောင်းနားလည်တယ်ဆိုတော့ ဘာလက်ဆောင်ပေးရင် သူတို့ကြိုက်ကြမယ်ထင်လဲ"

ယွိဝေ က ...

"သခင်လေးကို ဥပမာပေးရရင် ပန်းတွေ၊‌ငါးတွေသဘောကျတယ် ဒီတော့သူဆိုရင် ထူးခြားပြီးရှားပါးတဲ့ ပန်းတွေနဲ့ ငါးသားပေါက်လေးတွေဆို သဘောကျလောက်မယ် .. တစ်ယောက်နဲ့တစ်ယောက်က အကြိုက်မတူကြဘူးလေ .. တကယ်လို့ သခင် ၃ကို လက်ဆောင်ပေးချင်ရင်တော့ သူကပိုက်ဆံကိုပိုကြိုက်တယ်"

ထူးခြားရှားပါးသောပန်းနှင့် ငါးပေါက်လေးများ။

နန်းပေါင်ရီ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင်အကြံရသွားသည်။

အာဃာတပြန်တမ်းDove le storie prendono vita. Scoprilo ora