part 100

4.7K 456 8
                                    

unicode

အပိုင်း (၁၀၀)

ဦးလေး ၃ အေးလို့လား

နန်းပေါင်ရီသည် တစ်ခါမှ မမက်ဖူးသည့် ချိုမြိန်သည့် အိပ်မက်လေးကို မက်နေပြီး ပျော်ရွှင်နေခဲ့သည်။

……………..

ဆည်းဆာချိန် ရောက်ခဲ့ပြီ..

ကျောက်ဝမ်ခြံကို ပြန်ရောက်သည့်အခါ နန်းပေါင်ရီမှာ သစ်ကိုင်းထိပ်ဖျားတွင် မီးပုံးလေးများ ချိတ်ဆွဲရန် အစေခံတွေကို ညွှန်ကြားနေသည်။ ဒီညသည် ဆောင်းဦးလယ် ပွဲတော်၏ မိတ်ဆုံစားပွဲ ဖြစ်သည်လေ။ သူမသည် ခမ်းနားကျယ်ပြန့်သည့် ဥယျာဉ်ထဲမှ အနီရောင် ဆေးသုတ်ထားသည့် လသာဆောင်တွင် လပြည့်ည၏ အလှကို ခံစားဖို့ စိတ်ကူးယဉ်နေသည်။

ဟင်းပွဲများ အားလုံးကို ကျောက်စားပွဲပေါ်မှာ ပြင်ထားပြီးဖြစ်သည်။ နန်းပေါင်ရီသည် စားပွဲပေါ်မှ တူတွေကို စီစီရီရီထားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဖေဖေက ပဲပိစပ်နဲ့ ချက်ထားတဲ့ ဝက်ပေါင်ဟင်းကို အရမ်းကြိုက်တယ်၊ အဲ့ဒါကြောင့် သူက အဲ့ဒီဟင်းနဲ့ နီးတဲ့ ထိုင်ခုံမှာထိုင်လိမ့်မယ်၊ အစ်ကို ၂ က သိုးသားကင်ကို ကြိုက်တယ်၊ ဒါကြောင့် ဒီနေရာမှာ သူ့ကို ထိုင်ခိုင်းရမယ်၊ သောက်စရာတွေက ယူရလွယ်အောင် ဒီအလယ်မှာ ထားရမယ်….”

ထိုစဉ် သူမတစ်ခုခုကို တွေးလိုက်မိသည်။ ဟယ်ယဲ့ကို ခေါင်းညိတ်ပြ၍ ခေါ်လိုက်ပြီး ပန်းအိုးတစ်အိုး ယူလာရန် စေခိုင်းလိုက်သည်။ အဖြူရောင် ကြွေပန်းအိုး၏ လည်တိုင်မှာ သွယ်လျနေပြီး ကျောက်စိမ်းကဲ့သို့ လှပနေသည်။ သူမက ပန်းအိုးထဲသို့ သူမကိုယ်တိုင် ခူးထားသည့် အနံ့သင်းသင်းနဲ့ ကွေ့ဟွားပန်းတွေကို ထိုးစိုက်လိုက်ပြီး ကျောက်စားပွဲ၏ အလယ်မှာ ထားလိုက်သည်။ သူမသည် ခေါင်းကို ငုံ့လိုက်ပြီး ပန်းရနံ့ကိုရှူရှိုက်ရင်း ပြုံးနေသည်။

……..

ဆောင်းဦးလယ် ပွဲတော်၏ ညမှာတော့ ပန်းရနံ့များ သင်းပျံ့နေသည်။

သူမသည် ထိုင်ခုံမှာ ထိုင်စောင့်နေရင်း ကောင်းကင်မှာ တဖြည်းဖြည်း နေရောင်များ ပျောက်ကွယ်ပြီး တဖြည်းဖြည်း  လထွက်လာသည်ကို ငေးကြည့်နေသည်။ ရှောင်းယီ ရောက်လာသည့်အခါ မိန်းမငယ်လေး၏ ကြယ်ရောင်လို တောက်ပနေသည့် မျက်ဝန်းထဲမှ မျှော်လင့်ချက်များအား မြင်လိုက်ရသည်။

အာဃာတပြန်တမ်းWhere stories live. Discover now