Part 85

4.6K 474 16
                                    

unicode

အပိုင်း (၈၅)

မှူးမတ်ကြီး ရှောင်းယီ (၁)

သခင်မ ချန် က ထိုင်ကာပြုံးလိုက်ပြီး ...

"အို .. ဒီသီချင်းသံက ဘယ်ကပါလိမ့် .. ပေါင်ရုံ က ယွမ့်ဝမ် လက်ထပ်ခွင့်တောင်းတာကို ငြင်းထားတာ တစ်နှစ်တောင်မပြည့်သေးဘူး .. အခုသခင်လေး စုန့်ကိုပါ သွေးဆောင်ဖြားယောင်းနေပြီလား"

ထိုစကားများမှာ အလွန်နားထောင်ရဆိုးလှသည်။

နန်းပေါင်ရီ က လှောင်ပြုံးပြုံးလိုက်ပြီး ...

"ကျွန်မအစ်မလက်ထပ်ခွင့်ကို မငြင်းခင်တကတည်းက အဒေါ့်သားက သူ့အစေခံနဲ့တောင် ကလေးရနေပြီလေ .. ဒါမျိုးဆိုတော့ ကျွန်မအစ်မက အဒေါ့်သားလောက် ဘယ်တော်ပါ့မလဲ"

သခင်မ ချန် ၏မျက်နှာမှာ ရုတ်ချည်းပြောင်းသွားလေသည်။

သူမဒေါသမထွက်ခင်တွင်ပင် သခင်မကြီးက ဟန်ဆောင်၍

"ကျောင်းကျောင်း .. လူကြီးကိုရိုင်းရိုင်းစိုင်းစိုင်းမပြောရဘူးလေ"

နန်းပေါင်ရီ ပြုံးပြကာ

"ဟုတ်ကဲ့"

သူမက နေရာတွင်ပင်ထိုင်နေရင်း နန်းပေါင်ကျူး နှင့်အတူ ပွဲကြည့်ရန်စောင့်နေသည်။

သခင်မကြီးက သခင်မ ချန် ဘက်သို့ လှည့်လိုက်သည်။

သူမသည်နန်းအိမ်တော်ကို နှစ်ပေါင်းများစွာဦးစီးခဲ့သဖြင့် သူမ၏ကိုယ်နေဟန်ထားမှာ အလွန်ထည်ဝါလှသည်။

"သခင်မ ချန် က ဘာကိစ္စများရှိလို့ပါလိမ့်"

သခင်မ ချန် ၏အပြုံးကပို၍ယဉ်ကျေးလာသည်။

"သခင်မကြီးရဲ့ မိသားစုနဲ့ကျွန်မတို့မိသားစုက အနောက်ဘက်တောင်တန်းမှာဖြစ်ခဲ့တဲ့ကိစ္စအတွက် နားလည်မှုလွဲခဲ့ကြတယ် .. ဒါပေမယ့် တစ်လနှစ်လလောက် ကျွန်မပြန်တွေးပြီးတော့ နန်း မိသားစုနဲ့ ကျွန်မသားကိုလက်ဆက်ပေးချင်တုန်းပဲ .. ဒါကြောင့် ကျွန်မ ယွမ့်ဝမ် ကိုပါတမင်ခေါ်လာတာလေ .. မင်္ဂလာလက်ဆောင်တွေရောပါလာတယ်"

အစေခံက လက်ဆောင်များကို ရိုရိုသေသေထုတ်ပေးသည်ကို နန်းပေါင်ရီ လှမ်းကြည့်လိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now