unicode
အပိုင်း (၈၉)ဒီနှစ်ယောက် ဘာတွေဖြစ်တာလဲ
မွေးဖွားလာမည့် သားအတွက် ရေနီးကုန်းနေဖျံအမွေးပွအနွေးထည်နှစ်ထည်ဝယ်ပေးရန်အတွက် ငွေစုထားလိုခြင်းသာဖြစ်ပြီး ရှာဖွေရမလွယ်ကူခဲ့ပေ။
နန်းပေါင်ရီ မှာ ကလောင်စွမ်းပြရန်အတွက် ကျောက်ဝမ် ခြံဝင်းသို့ပြန်သွားလေသည်။
စာရေးကိရိယာများပြင်ဆင်ပြီးနောက် အရင်ဘဝမှ နန်းယန် ၏အတ္ထုပ္ပတ္တိကို ချရေးလေသည်။
၄နာရီကုန်ဆုံးသွားပြီးနောက် ပြတင်းပေါက်အပြင်ရှိ ကောင်းကင်တွင်လည်း မှောင်ပျပျဖြစ်လာသည်။
ထိုစာလုံးရေနှစ်ထောင်ပါသော အတ္ထုပ္ပတ္တိတွင် နန်းယန် သည် နိမ့်ကျသောအစေခံဘဝမှ အာဏာရှိသောမိသားစုတစ်ခုနှင့် မည်ကဲ့သို့အိမ်ထောင်ရက်သားကျသွားကြောင်း မှတ်တမ်းတင်ထားပြီး မှတ်ချက်တစ်ခုကိုပါ ထည့်သွင်းလိုက်သည်။
နန်းယန် သည် လှပ၍အားနွဲ့သူတစ်ယောက်ဖြစ်သည့်အပြင် ကျားကွက်ကစားရာတွင် အလွန်တော်သည်။ ချက်ကျလက်ကျတိုက်ခိုက်တတ်ပြီး ရက်စက်သည်။ မနာလိုဝန်တိုတတ်သည်။ ဉာဏ်ကောင်းသော်လည်း အမျိုးသမီးများအတွက် စံနမူနာထားထိုက်သူတစ်ယောက် မဖြစ်ခဲ့သည်မှာ စိတ်မကောင်းစရာပင်။
စုတ်တံကို ဘေးချလိုက်ရင်း သူမက ကျေနပ်အားရစွာ အကြောဆန့်လိုက်သည်။
ညစာသွားစားရန်တွေးနေစဉ်မှာပင် ကျန်းဆွေ့ဟန် က အခန်းတံခါးကိုရုတ်တရက်ဖွင့်ပြီး အထဲဝင်လာသည်။
"စစ်တန်းလျားက ပျင်းဖို့ကောင်းလိုက်တာ .. အိမ်မှာနေရတာပိုကောင်းတယ် .. သခင်မလေး နန်း ... ကျွန်တော်နဲ့စကားပြောရအောင်"
နန်းပေါင်ရီ အံ့အားသင့်ကာ ...
"ဘာလို့ငါ့အခန်းထဲ ဝင်လာတာလဲ .. တခြားသူတွေမြင်သွားရင် ပေါက်ကရတွေပျံ့ကုန်မယ် !"
"အမြဲတမ်းမှန်ကန်တဲ့သူက ဘယ်တော့မှမကြောက်တတ်ဘူး"
ကျန်းဆွေ့ဟန် က ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူမရေးထားသော စာမူကြမ်းကိုတစ်ချက်ကြည့်သည်။
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...