part 170

3.2K 344 0
                                    

Unicode

အပိုင်း (၁၇၀)
အစ်ကို့ကိုပြန်ပြီး အနိုင်ကျင့်ချင်တယ်ပေါ့ ဟုတ်လား

နန်းပေါင်ရီက သူ၏ နဖူးလေးကို အုပ်လိုက်သည်။

သူမက စိတ်ကောက်သွားပြီး “အစ်ကို ၂၊ အမြဲတမ်း ညီမလေးရဲ့ နဖူးကိုပဲ တောက်မနေပါနဲ့၊ နောက်ရက် နည်းနည်းဆိုရင် ညီမလေးက အသက်ဆယ့်သုံးနှစ် ဖြစ်နေပြီ၊ မိန်းမတစ်ယောက် ဖြစ်ပြီလို့ဆို”

“မိန်းမ”

ရှောင်းယီက မျက်ခုံးတွေကို ပင့်လိုက်ပြီး နန်းပေါင်ရီ၏ ရင်ဘတ်ကို တစ်ချက် ကြည့်လိုက်သည်။ သူက ဘာအမူအရာမှမပြဘဲ သရော်ပြုံး ပြုံးလိုက်လေသည်။

သူက ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ လေညင်း တိုက်ခတ်နေသည့် နှင်းစက်တွေဆီကို လျှောက်သွားပြီး “မင်းက မိန်းမတစ်ယောက်ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်”

နန်းပေါင်ရီက ခန္ဓာကိုယ် အရွယ်အစားကို သည်းမခံနိုင်အောင် စော်ကား လှောင်ပြောင်နေသည်ဟု ခံစားလိုက်ရသည်။

သူမက စိတ်ဆိုးသွားပြီး “အစ်ကို ၂၊ တော်တော့နော်”

သို့သော်လည်း တစ်ဖက်လူက လုံးဝကို လျစ်လျှူရှု ထားလေသည်။ နန်းပေါင်ရီက ပိုပြီး ဒေါသူပုန်ထ သွားတော့သည်။  

သူမက ရှေ့ကိုပြေးသွား၍ လက်တစ်ဆုပ် အပြည့် နှင်းတွေကို ကောက်ယူလိုက်ပြီး ရှောင်းယီ၏ ခေါင်းနောက်ဘက်ကို ပစ်ပေါက်လိုက်သည်။

သို့သော်လည်း တစ်ဖက်လူက ခေါင်းကိုတောင် လှည့်မလာဘဲ လွယ်လွယ်ကူကူကို ရှောင်ရှား လိုက်နိုင်သည်။ 

နန်းပေါင်ရီက အံကိုကြိတ်၍ သူ့နောက်ကို ပြေးလိုက်ပြီး နှင်းခဲတွေကို ထပ်ကောက်၍ သူ့ကို ပစ်ပေါက်တော့သည်။

သူမက ဆုန်းဟယ့်ခြံ အပြင်ဘက်ထိကို လိုက်ပြီး နှင်းခဲတွေနဲ့ ပေါက်နေပေမယ့် ရှောင်းယီကတော့ သာသာယာယာပင်။ သူမ ပစ်ပေါက်လိုက်တဲ့ နှင်းလုံးတွေ အားလုံး သူ့ကို တစ်ချက်မှ မထိသေးပေ။

သူမက ထပ်မပြေးနိုင်တော့ဘဲ မောပန်းစွာနဲ့ မျက်လုံးတွေကို လှည့်နေသည်။ သူမက ဗိုက်ကိုဖိပြီး နှင်းပြင်ပေါ်မှာ လှဲချရင်း “အိုး”လို့ အော်လိုက်သည်။

အာဃာတပြန်တမ်းDonde viven las historias. Descúbrelo ahora