part 134

3.2K 335 9
                                    

Unicode

အပိုင်း (၁၃၄)

မလိုဘူး၊ ငါအပျိုမဖြစ်ချင်ဘူး!!!
နန်းပေါင်ရီက ရထားလုံးပေါ်သို့တက်လိုက်တဲ့အခါ ရထားလုံးမှာ ဘယ်သူမမှရှိပါချေ။ သူမက လိုက်ကာကိုဖွင့်လိုက်ပြီး အလောတကြီးမေးလိုက်သည်။
“ဟယ်ယဲ့ ငါတို့ချန်းအိမ်တော်မှာကြာနေလို့များ အစ်ကို ၂ နဲ့ကျူးကျူးက မစောင့်ပဲပြန်သွားကြတာလား၊ ငါတို့ကိုစောင့်သင့်တာကို၊ ဘာလို့တစ်ယောက်မှ မရှိတော့တာလဲ၊ ဒါမှမဟုတ် သူတို့လည်းမပြန်ရသေး တာလား”
“ဘာလို့လဲ…”
ဟယ်ယဲ့က ချန်းအိမ်တော်ကို အမြန်လှည့်ကြည့်လိုက်ပြီး “သူတို့လည်း တစ်ခုခုကြောင့် နောက်ကျနေကြတာများလား? ချန်းသခင်မကြီးက အကြွေးတွေမပေးလို့များလား၊ ငွေရေတွက်နေတာ ကြာနေတာလား….”
ထိုအတွေးက အဓိပ္ပါယ်ရှိသယောင်ပင်။
သူမက ရွှေစအနည်းငယ်ကိုပေးလိုက်ပြီး “ငါအရမ်းပျင်းပြီး ဗိုက်ဆာနေပြီ၊ ဒီနားကို ခနသွားပြီး ငါးနဲ့ ခရုအစပ်ကင်လေးတွေ သွားဝယ်ပေးပါလား”
သခင်လေး ချစ်ခင်ရတဲ့ညီမလေးအတွက် ခရီးတိုတစ်ခုအပြေးသွားပေးရတာက ရှီးခူအတွက် ကြီးမြတ်တဲ့ ဂုဏ်ကျက်သရေတိုးမှုဖြစ်သည်။
သူက ပျော်ရွှင်စွာ လက်ကိုမြှောက်လိုက်ပြီး “ဘာလို့သခင်မလေး ၅ ရဲ့ပိုက်ဆံကိုသုံးဖို့လိုမှာလဲ၊ မမလေး အစားအစာလတ်လတ်ဆတ်ဆတ် စားချင်တယ်ဆိုရင် ကျွန်တော်မျိုးက ဝယ်ကျွေးမှာပေါ့”
ပြောပြီးနောက် သူက မြင်းစီး၍ ထွက်သွားတော့သည်။
နန်းပေါင်ရီက အံ့အားသင့်သွားသည်။
ဒီရက်တွေမှာ သူတို့တွေက သခင်လေးအတွက် သူတို့ရဲ့အိတ်ထဲကစိုက်ထုတ်ပြီး ကျွေးမွေးကြတယ်လား?
သူမက လက်ဖက်ရည်ပူပူလေးကို ဖြည်းညှင်းစွာသောက်ရင်း သဘောတကျ ပြုံးရယ်နေသည်။ သူမရဲ့လက်တွေထဲမှာ မျက်နှာလေးကိုထည့်ထားပြီး ကျူးကျူးနဲ့ တခြားသူတွေက မကြာခင် ထွက်လာမည်ဟု မျှော်လင့်ရင်း ချန်းအိမ်တော်ရဲ့တံခါးဝကို မျှော်ကြည့်နေသည်။
ထိုအချိန် ချန်းအိမ်တော်ရဲ့အနောက်ခြံဝင်းက နွေးထွေးတဲ့ အဆောင်ထဲတွင်….
နိုင်ဝမ်းကျိုးက နန်းပေါင်ကျူးကို လမ်းတစ်လျှောက်လုံး အဆောင်ထဲရောက်တဲ့အထိ ဆွဲခေါ်သွားပြီး လိုက်ကာတွေကို ချလိုက်သည်။
နန်းပေါင်ကျူးက မပျော်ရွှင်မရွှင်ဖြစ်သွားပြီး “ငါကအရှေ့ခြံဝင်းဘက်ကို လျှောက်နေတာကို ဘာလို့ အနောက်ခြံဝင်းကို ပြန်ဆွဲခေါ်လာတာလဲ၊ နင်ဘာလုပ်ချင်နေတာလဲ၊ ကျောင်းကျောင်းက ရထားလုံး ထဲမှာ ငါတို့ကိုစောင့်နေတယ်လေ”
နိုင်ဝမ်ကျိုးက ဘာစကားမှမပြောဘဲ သူမရဲ့အပေါ်ဝတ်ရုံကို ဆွဲချွတ်တော့သည်။ နန်းပေါင်ကျူးက အလွန်လန့်သွားပြီး သူမရဲ့အပေါ်ဝတ်ရုံကို တင်းတင်းပြန်ဆွဲ၍ အလောတကြီးပြောလိုက်သည်။
“မနေ့ညကတည်းက နင်ရူးနေတာလား၊ ငါ့အင်္ကျီတွေကို နင်ဘာလုပ်မလို့လဲ”
နိုင်ဝမ်ကျိုးရဲ့မျက်နှာက အေးစက်နေပြီး “ချွတ်လိုက်”
“ဘာလို့ချွတ်ရမှာလဲ”
နန်းပေါင်ကျူးက ကြောက်လန့်တကြား နောက်ကိုဆုတ်သွားပြီး “ငါတချို့စာအုပ်တွေကို တိတ်တိတ်လေးဖတ်ထားတယ်၊ အဲ့ထဲမှာပြောတာက တချို့မိန်းကလေးတွေက ….အား… စိတ်ပုံမှန် မဟုတ်ကြဘူးတဲ့…..နင်…နင်….နင်… ငါ့နောက်လိုက်မလာနဲ့”
နိုင်ဝမ်ကျိုးက မျက်လုံးတွေကိုလှည့်လိုက်သည်။
ပုံမှန်အတိုင်းပင် သူတို့ကဒီအိမ်ကထွက်တော့မလို့ဖြစ်သည်။ ဒါပေမယ့် သူတို့အရှေ့ခြံဝင်းကို ရောက်တော့ နန်းပေါင်ကျူးရဲ့ဝတ်စုံနောက်ဘက်မှာ အနီရောင်အကွက်တစ်ခုကို သူမြင်လိုက်သည်။ သူမက ဆောင်းတွင်းမို့ ထူထဲတဲ့ဝတ်စုံကို ဝတ်ဆင်ခဲ့သော်လည်း နန်းပေါင်ကျူးရဲ့အပေါ်ဝတ်စုံက အပြာရောင်ဖျော့ဖျော့မို့ အစွန်းအထင်းက သိသာထင်ရှားနေသည်။
သူ့ရဲ့နားရွက်တွေက နီရဲလာပြီး မျက်နှာက တည်တံ့နေသည်။
“နင်ရာသီလာနေတယ်”
“သစ္ဆေ…ရေ?”
(*ရာသီလာတယ်ဆိုတဲ့စကားက သစ္ဆေ.. ရေ ဆိုတဲ့စကားလုံးနဲ့အသံထွက်ဆင်ပါတယ်)
နန်းပေါင်ကျူးက သူဘာပြောမှန်းမသိပါချေ။
နိုင်ဝမ်ကျိုးရဲ့မျက်လုံးတွေက ထပ်တဖန် လှည့်သွားပြန်သည်။ တကယ်ဆို ဒီမိန်းကလေးက သူ့ထက်တစ်နှစ်လောက် ကြီးသည်။ သူမကဘာလို့ ဒီလောက်တောင် တုံးရတာလဲ၊ သူမက ရာသီလာတယ် ကိုတောင်မသိချေ။
သူက မျက်နှာပူနေတာကို ဘေးချိတ်ထားလိုက်ပြီး သူမရဲ့ဝတ်စုံကို အမြန်ချွတ်ပေး၍ နောက်ဘက်ပိုင်းက သွေးကွက်ကို ပြလိုက်သည်။
“ဒီမှာ”
နန်းပေါင်ကျူးက ထိတ်လန့်သွားသည်။ ထိုအရာကဘာမှန်း သဘောပေါက်သွားပြီးမှ သူမရဲ့မျက်နှာက ရှက်သွေးဖြာသွားရသည်။
သူမက အသက် ၁၃နှစ်တောင်ရှိနေပြီဖြစ်ပြီး အစေခံက ထိုအရာကို သူမကိုပြန်သင်ပြနေရသည်။ ဒါပေမယ့် သူမက ထင်မှတ်မထားမိတာကြောင့် ဆောင်ထားသင့်တဲ့အရာကို ကြိုတင်မယူလာမိချေ။
အပြင်ဘက်ဝတ်ရုံမှာတောင်စွန်းထင်းနေပြီဆိုလျှင် အတွင်းဝတ်စုံနဲ့ အပေါ်ဝတ်စုံမှာဆိုလျှင်လည်း….
သူမက စွန်းထင်းနေတဲ့ ဝတ်စုံကိုဖုံးအုပ်လိုက်ပြီး လေသံတိုးတိုးဖြင့်ပြောသည်။
“ဒါပေမယ့်.. ငါ.. ငါဘာမှမခံစားရဘူး၊ အားလုံးကပြောကြတယ်လေ၊ ရာသီလာတဲ့မိန်းကလေးတွေက ဗိုက်နာတာမျိုး….”
“လူတစ်ယောက်နဲ့တစ်ယောက်မတူဘူး”
နိုင်ဝမ်ကျိုးက ရေသန့်တစ်ဇလုံကိုယူလာခဲ့ပြီး ကြမ်းပြင်ပေါ်ကို ချလိုက်သည်။ သူက သူမရဲ့ အပြင်ဘက်ဝတ်ရုံကိုယူလိုက်ပြီး ဒူးတစ်ဖက်ကိုထောက်၍ စွန်းထင်းနေတာတွေကို သေချာ ဆေးကြောလိုက်သည်။
နန်းပေါင်ကျူးက သူ့ရဲ့ဘေးမှာထိုင်လိုက်ပြီး သူ့ရဲ့ဘေးဘက်မျက်နှာကို သေချာကြည့်နေသည်။
“နင်ကတကယ်တော်တာပဲ၊ နင်ကတကယ်ဆိုငါ့ထက်ငယ်တယ်လေ၊ ဒါပေမယ့် ငါ့ထက်ပိုပြီး တော်တော် များများကို သိနေတယ်….”
ဒါ့အပြင် ထိုညနေက သူ့အဖေကို မြေမြှုပ်သဂြိုလ်ဖို့အတွက် ခန္ဓာကိုယ်ကို ရောင်းစားနေတဲ့ မိန်းကလေးက အလွန်နူးညံ့ပြီး သိမ်မွေ့လှသည်။ မျက်ခုံးမြင့်မြင့်တွေရှိပြီး နှာတံပေါ်ပေါ်နဲ့ သူရဲကောင်း လူငယ်လေး တစ်ယောက်ရဲ့ ဟန်ပန်ထင်ဟပ်နေသယောင်ပင်။
အထူးဆန်းဆုံးကတော့ သူမရဲ့အပြုအမူနဲ့သွင်ပြင်လက္ခဏာတွေက အထက်တန်းကျပြီး နန်းဆန်တဲ့ အငွေ့အသက်တွေရှိသည်။ သူမတို့အိမ်က မမကြီးထက်တောင်ပိုပြီး သူမက တင့်တယ်သည့်ဟန်ရှိသည်။
နိုင်ဝမ်ကျိုးက တိုးတိုးလေး သီချင်းညည်းနေပြီး သူမကို လစ်လျှူရှုထားသည်။ သူက အစွန်းအထင်းတွေ ကုန်စင်အောင်ဆေးကြောပြီးတဲ့အခါ ဝတ်စုံကို အငွေ့တလူလူထွက်နေတဲ့ အနွေးဓါတ်ပေးတဲ့ ရွှေမီးအိုးလေးပေါ်ကို တင်ထားလိုက်သည်။
အငွေ့ထွက်နေတဲ့ မီးအိုးလေးထဲမှာ အနီရောင်တောက်နေတဲ့ မီးသွေးခဲတွေကို ထည့်ထားတာကြောင့် ဝတ်စုံကို လျှင်မြန်စွာခြောက်စေနိုင်သည်။
သူက နန်းပေါင်ကျူးဘက်သို့ လှည့်လိုက်ပြီး “အတွင်းဝတ်စုံနဲ့ အပေါ်ဝတ်စုံ”
နန်းပေါင်ကျူးက ဝတ်စုံတွေကို သူ့လက်ထဲထည့်ပေးလိုက်ပြီး သူမရဲ့ခါးတစ်ဝိုက်ကို စောင်ပါးတစ်ထည်နဲ့ ဖုံးအုပ်လိုက်သည်။ သူမက နိုင်ဝမ်ကျိုးကို ထပ်ကြည့်လိုက်ပြန်သည်။
သူက သေချာဆေးကြောပြီးနောက် သူမရဲ့ စွန်းထင်းနေတဲ့ဝတ်စုံကို မထားခဲ့ဘဲ ဇလုံကရေကို သွားပြီး လဲလှယ်လိုက်သည်။ ရေကအေးလွန်းတာကြောင့် လျှော်ဖွတ်ပြီးတဲ့အခါ သူ့ရဲ့လက်တွေက နီရဲပြီး အေးစက်နေသည်။
နန်းပေါင်ကျူးက သူ့ရဲ့သေးသွယ်တဲ့ လက်လေးတွေကို သူမရဲ့လက်ဖဝါးထဲမှာ ထွေးဆုပ်ထားရင်း ခေါင်းကိုငုံ့၍ လေငွေ့နွေးနွေးလေးနဲ့ မှုတ်ပေးနေသည်။
“ငါမှုတ်ပေးမယ်၊ ခနနေရင် နွေးသွားလိမ့်မယ်”
နိုင်ဝမ်ကျိုးက မျက်ခုံးပင့်သွားသည်။ ဒီမိန်းကလေးက ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်ရှိပြီး လက်ကလေးတွေ ကလည်း အသားတွေပြည့်နေသည်။ သူ့ရဲ့လက်တွေကို မှုတ်ပေးနေတာက နွေးထွေးနေပြီး သူ့ကို အသက်မရှုနိုင်အောင် ရူးသွပ်သွားစေသည်…
ဘယ်လောက်တောင်တုံးလိုက်လဲ?....
သူ့စိတ်ကိုသူပြန်လည်ဆူပူလိုက်ပြီး သူ့ရဲ့မျက်နှာက ဂုဏ်ယူနေဟန်နဲ့ သူမရဲ့အနွေးဓါတ်ပေးနေမှုကို ခွင့်ပြုထားလိုက်သည်။
နန်းပေါင်ကျူးက မျက်လုံးတွေကွေးညွတ်အောင်ပြုံးလိုက်ပြီး “ဝမ်ဝမ်၊ နင်ကစိတ်တိုတတ်တဲ့ ကောင်မလေး တစ်ယောက်လို့ထင်ထားတာ၊ ငါစားမဲ့ကြက်ဆင်ကိုလည်း လုသွားတယ်၊ ပြီးတော့ ငါ့ရဲ့နူတ်ခမ်းနီကိုလည်း ချိုးပစ်သေးတယ်၊ အဲ့ဒါက ကြီးတဲ့ကိစ္စပဲဖြစ်ဖြစ် မကြီးတဲ့ကိစ္စပဲဖြစ်ဖြစ်… ဒါပေမယ့် ငါအခုကြည့်လိုက်တော့ ဝမ်ဝမ်က လူကောင်းတစ်ယောက်ပဲ”
နိုင်ဝမ်ကျိုးက ‘ဟွန့်’ ခနဲနှာမှုတ်လိုက်သည်။
နန်းပေါင်ကျူးက တကယ်ကို တုံးအသည်။ သူ့အပေါ်နည်းနည်းလေးကောင်းပေးလိုက်တာနဲ့ တခြားသူကို လူကောင်းတစ်ယောက်လို့ထင်ပစ်လိုက်တော့တာပင်။ အနာဂတ်မှာ သူမကို တခြားသူက ရောင်းစားလိုက်ရင်တောင် သူမက ရွှေစတွေကို ကူပြီးရေပေးဦးမည့်ပုံရှိသည်။
သူက အေးတိအေးစက်ဖြင့် “ငါ့ မမကြီး ရာသီစလာတော့ သူကပြောတယ်၊ အဲ့ဒီအချိန်မှာ မိန်းကလေး တွေက အနူးညံ့ဆုံးပဲတဲ့ အဲ့ဒီလိုဖြစ်ရင် ဘာပဲဖြစ်ဖြစ် စကားများနေရင်တောင် ယောကျာ်းလေးတွေက မိန်းကလေးတွေကို ဂရုစိုက်ပေးရမယ်တဲ့၊ အဲ့ဒါက ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ဖြစ်ပြီး လုပ်သင့်တဲ့ အပြုအမူပဲတဲ့”
နန်းပေါင်ကျူးက မစဉ်းစားတတ်အောင်ဖြစ်သွားရသည်။
ယောကျာ်းလေး?
ခင်ပွန်း?
သူမက နားမလည်နိုင်စွာဖြင့် “ဝမ်ဝမ်၊ နင်က မိန်းမငယ်လေးတစ်ယောက်လေ…”
နိုင်ဝမ်ကျိုးက သူ့ရဲ့မျက်လုံးတွေိကို လှည့်လိုက်ပြီး ဘာမှပြန်မပြောပါချေ။
သူ့ရဲ့လက်တွေက နှေးထွေးလာပြီဖြစ်တာကြောင့် မီးအိုးလေးနားမှာထိုင်လိုက်ပြီး နန်းပေါင်ကျူးကို အပ်ချုပ်ပစ္စည်းတွေထည့်ထားတဲ့ခြင်းကို ရှာဖို့ပြောလိုက်သည်။ သူက သူ့ရဲ့ယုန်မွှေးအပြင်ဝတ်ရုံကို ချွတ်လိုက်ပြီး ကတ်ကြေးကိုသုံး၍ အလယ်ပိုင်းကို အမြှောင်းအတိုင်း အရှည်လိုက်ညှပ်ချလိုက်သည်။ သူက ထိုညှပ်ထားတဲ့အစရဲ့အစွန်းတွေကို အပ်နဲ့အပ်ချည်သုံးပြီး သေသပ်အောင် ချုပ်လိုက်သည်။
သူကပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“တစ်ခါသုံးပဲရမယ်”
ပြောပြီးနောက် ဇာအပါးစ လေးစကိုယူလိုက်ပြီး ယုန်မွှေးစရဲ့ လေးဘက်ကို ထပ်ပြီး ချုပ်လိုက်သည်။ သူက နန်းပေါင်ကျူးကို မပေးခင် ပြီးသွားတဲ့အဝတ်ကို ကိုယ့်ဘာသာကိုင်ကြည့်ပြီး အဆင်ပြေမပြေ ကြည့်လိုက်သည်။
“ငါပြောသလိုဝတ်လိုက်”
နန်းပေါင်ကျူးက သူပေးတဲ့အဝတ်ကို ဝတ်လိုက်ပြီး ခြောက်သွားတဲ့ဝတ်စုံတွေကို အပြင်ကထပ်ဝတ် လိုက်သည်။
သခင်နဲ့အစေခံတို့ ချန်းအိမ်တော်က ထွက်လာတဲ့အခါမှာ နန်းပေါင်ရီက အချိန်အကြာကြီး စောင့်နေရတာကြောင့် ပျင်းရိနေပြီဖြစ်သည်။
နန်းပေါင်ကျူးက သူမရဲ့နားနားကိုကပ်ပြီး ပျော်ရွှင်စွာနဲ့ “ကျောင်းကျောင်း… ငါ… ငါအပျိုဖြစ်ပြီ”
“အပျိုဖြစ်ပြီ?”
နန်းပေါင်ရီက နားရှုပ်သွားပြီး “အရင်ကတည်းက ဖြစ်ပြီးပြီမဟုတ်ဘူးလား”
နန်းပေါင်ကျူးက ပန်းထိုးလက်ကိုင်ပဝါကို ခါလိုက်ပြီး ဂုဏ်ယူစွာနဲ့ “နင်နားမလည်ပါဘူး… ဘာပဲဖြစ်ဖြစ် ငါကနင့်လို မိန်းမငယ်လေးမဟုတ်တော့ဘူး၊ ငါ .. ငါက ကလေးရဖို့ အခွင့်အရေးရှိသွားပြီ”
“ဖူး…”
နိုင်ဝမ်ကျိုးရဲ့ သောက်နေတဲ့လက်ဖက်ရည်တွေက ပါးစပ်ထဲကနေ ပြန်ထွက်လာကြသည်။
‘ကလေးရနိုင်ပြီ’ဆိုတာက ဘာလဲ?
‘ကလေးမွေးနိုင်တာက အရည်အချင်းတစ်ခုလား?
ဘယ်လို ကြောင်တောင်တောင်အတွေးအခေါ်ကြီးလဲ?
ပြီးတော့ ဘာ? ဒီနေ့ခေတ်မှာ ဆယ့်ငါးနှစ်ဆိုရင်တောင် ငယ်ရွယ်သေးတာကြောင့် မိန်းကလေး အများစုက အပြည့်အဝ မဖွံ့ဖြိုးကြသေးပေ၊ သူတို့က လက်ထပ်ရင်တောင် နှစ်နှစ်ကျော်မှ ကလေးယူဖို့ စဉ်းစားသင့်တာဖြစ်သည်။
နန်းပေါင်ကျူးက ကလေးယူဖို့ဆိုတာ စောလွန်းသေးသည်။
နန်းပေါင်ရီက နည်းနည်းလန့်သွားပြီး နန်းပေါင်ကျူးရဲ့ဆိုလိုရင်းကို မြန်မြန်ဆန်ဆန်နားလည်သွားသည်။
သူမက ပြုံးလိုက်ပြီး “လက်ဖက်ရည်အစား သေရည်ကို ပြောင်းသောက်လို့ရပြီပေါ့၊ ကျူးကျူးက အပျိုဖြစ်သွားတာကို ဂုဏ်ပြုပါတယ်”
“ဟီး ဟီး… ကမ်းပေး!!!…. ကျောင်းကျောင်းလည်း မကြာခင် အပျိုဖြစ်လာဖို့ ဆုတောင်းပေးပါတယ်၊ ပြီးတော့ ဝမ်ဝမ်လည်း အနှေးနဲ့အမြန် အပျိုဖြစ်လာဖို့ ဆုတောင်းပေးတယ်နော်”
နိုင်ဝမ်ကျိုး “….”
မလိုဘူး၊ ငါ အပျိုမဖြစ်ချင်ဘူး!!!!….
…………………………….
Zawgyi
အပိုင္း (၁၃၄)

အာဃာတပြန်တမ်းWhere stories live. Discover now