part 54

5K 522 19
                                    

unicode
အပိုင်း (၅၄)

အစ်ကို ၂က ပိုလှတယ်

ရှောင်းယီ ချက်ချင်း နောက်လှည့်ကြည့်သော်လည်း ကလေးမလေးက တံခါးပေါက်သို့ ပြေးသွားကာ ခန်းမ၏အနောက်ဘက်ရှိ အမျိုးသမီးအုပ်စုထဲသို့ သွားရောနေသည်။

ရှောင်းယီ မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်သွားသည်။

ဟုတ်ပါသည်လေ .. သူက စုန့်ရှစ်နင် ပေးသောသကြားလုံးကို လွှင့်ပစ်လိုက်သောကြောင့် ကလေးမလေးက သူမချစ်သူအတွက် ဒေါသထွက်သွားပေမည်။

အလွန်ကောင်းသည်။

"သခင်လေး ရှောင်း"

မိန်းကလေးတစ်ယောက်၏ ဆွဲဆောင်မှုရှိရှိ ပြောဆိုသည့်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ရှောင်းယီ လှည့်ကြည့်ရာ ကောင်မလေးနှစ်ယောက်က လက်ချင်းတွဲလျက်ရောက်လာသည်။ သူမတို့မှာ နန်းယန် နှင့် ရှ အိမ်တော်မှ ရှချင်ချင် တို့ဖြစ်သည်။

ရှချင်ချင် က ရှောင်းယီ ကို ရှက်ရွံ့စွာ ကြည့်နေသည်။ နွေဦးရာသီပန်းပွဲတော်တွင် တွေ့ကတည်းက ရှောင်းယီ ကို သူမစွဲလမ်းခဲ့ရသည်။

ရှောင်းယီ က ငယ်ရွယ်ပြီး အလားအလာရှိသည်။ သူ့ကို နန်း မိသားစုက ကျောထောက်နောက်ခံပေးထားရုံသာမက တောက်ပသည့်အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားသောသူဖြစ်သည်။ ရှောင်းယီသည် သူမအတွက် ကောင်းကင်ဘုံက လိုက်ဖက်ညီအောင် ဖန်ဆင်းပေးထားသော ခင်ပွန်းတစ်ဦးသာဖြစ်ရမည်။

သူ့ကိုလက်ထပ်လိုက်လျှင် အနာဂတ်တွင် အရာရှိတစ်ယောက်၏ တရားဝင်ဇနီးမယားဖြစ်လာနိုင်သည်။

ရှောင်းယီ ကို ရှချင်ချင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ...

"ကျွန်မရဲ့ မေမေက ငယ်ရွယ်နုနယ်ပြီး

ပြိုင်ဘက်မရှိနိုင်လောက်အောင် အရည်အချင်းရှိတဲ့ သခင်လေး ရှောင်း ကို ချီးကျူးနေတာ ..  ဒီနေ့လည်း သခင်လေးကို ဂုဏ်ပြုရမယ်ဆိုပြီး တမင်ခေါ်လာတာလေ .. ချင်ချင် က သခင်လေး ရှောင်း ရဲ့ တောက်ပတဲ့အနာဂတ်အတွက် ဂုဏ်ပြုပါတယ်"

အာဃာတပြန်တမ်းWhere stories live. Discover now