part 64

4.5K 500 9
                                    

unicode
အပိုင်း (၆၄)

အစ်ကို ရှောင်း ရဲ့ ဖြေရှင်းနည်း

နန်းပေါင်ရီ မှာ အခြားသောမိန်းကလေးများကဲ့သို့ ရှက်ကိုးရှက်ကန်းမရှိဘဲ တည့်ပြောလိုက်သဖြင့် ကျန်းဆွေ့ဟန် ဆွံ့အသွားရသည်။

နန်းပေါင်ရီ ဒေါသတကြီးနှင့် ရေရွတ်လ်ုက်သည်။

"ကျွန်မက နူးညံ့ပြီး စိတ်ကျေနပ်ဖို့ခက်တယ် ရှင်ကျွန်မကို ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး ... အထုပ်တွေမြန်မြန်သိမ်းတော့ ပြီးရင် တောင်အောက်ဆင်းပြီး ပိုးစာပင်တွေကို လိုက်ကြည့်ပေး"

ကျန်းဆွေ့ဟန် ဆွံ့အရပြန်သည်။

သူမဝင်လာခဲ့စဉ်က ယဉ်ကျေးသိမ်မွေ့သည့် မိန်းကလေးတစ်ယောက်ဖြစ်ပါလျက်နှင့် ဘာကြောင့်များ ရုတ်တရက်ပြောင်းလဲသွားရတာလဲ။

သူမ၏ပုံစံအမှန်ကို အစ်ကို ရှောင်း တွေ့ပြီးလေပြီလား။

ကျန်းဆွေ့ဟန် တွေးတောရင်း သူ၏အသားအရေထိန်းသည့်အလှကုန်ပစ္စည်းအချို့ကိုလည်း အိတ်ထဲထည့်နေလေသည်။

နန်းပေါင်ရီ တွေ့လိုက်သဖြင့် သိလိုစိတ်များကြောင့် မေးလိုက်သည်။

"ဆရာ ကျန်း .. ဒါက ဆေးတွေလား"

"ဒါက မျက်နှာအသားအရေးထိန်းတာတွေ"

"အသားအရေထိန်းတာ ?"

ကျန်းဆွေ့ဟန် က ကြွေဘူးငယ်တစ်ခုကို မြောက်ပြပြီး ..

"ဒါက မျက်လုံးလိမ်းအဆီ .. မနက်တိုင်းနဲ့ ညအိပ်ခါနီးတိုင်း မျက်လုံးတစ်ဝိုက်ကို သေချာလိမ်းပေးရင် မျက်ကွင်းညိုတာတွေနဲ့ ရုပ်ရင့်စေတာတွေကို ကာကွယ်ပေးတယ်"

ထို့နောက် အဝိုင်းပုံစံရှိသော ပိုးသားထည်တစ်ခုကို ယူထုတ်ကာ ...

"ဒါက မျက်နှာလိမ်းအဆီ .. ငှက်သိုက်ရဲ့အဆီအနှစ်ထဲမှာ နစ်မြှုပ်ထားပြီး မျက်နှာပေါ်တင်ထားလိုက်ရင် အသားအရေကိုစိုပြည်စေပြီး သွေးလည်ပတ်မှုလည်း ကောင်းစေပြီး အသားဓါတ်လည်း ပြည့်ဝစေတယ်"

နန်းပေါင်ရီ ကြောင်အမ်းအမ်းဖြစ်သွားပြီး ...

"ငှက်ဥတွေအကြောင်း ကျွန်မသိပါတယ် .. အသားဓါတ်က ဘာလဲ"

အာဃာတပြန်တမ်းHikayelerin yaşadığı yer. Şimdi keşfedin