Part 15

5.9K 672 38
                                    

အပိုင်း (၁၅)

အငိုသန်သည့်ချစ်စဖွယ်ကလေး

နန်းပေါင်ရီ မတ်တပ်ရပ်လိုက်ပြီး ....

"ဖေဖေ ဒီကိုဘာကြောင့်ရောက်လာတာလဲ"

"သမီးရဲ့နေရာအသစ်ကိုလာကြည့်တာပေါ့"

နန်းကွမ် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ...

"စာအုပ်တွေအများကြီးပဲ သမီးပြီးအောင်ဖတ်နိုင်လား .. သမီးကို ဖေဖေအပြစ်ရှာတာမဟုတ်ဘူးနော် နန်း အိမ်တော်မှာ ဟိုးအရင်ကတည်းက စာပေမှာထူးချွန်တဲ့သူမရှိခဲ့ဘူးလေ သမီးဟန်ဆောင်တာဆိုရင် ရယ်စရာကောင်းနေမှာပေါ့"

"အဲဒါအစ်ကို ၂ရဲ့စာအုပ်တွေ"

"တကယ်လား ! အာ.. ဒီစာအုပ်က မဆိုးဘူးပဲ [သီးပင်အမြစ်] ဒီဟာဆိုရင် ကျောင်းကျောင်း နဲ့ အကိုက်ပဲ"

နန်းကွမ် စာအုပ်စင်ကို ညွှန်ပြလျက် ...

"ကျောင်းကျောင်း .. ဒီဟင်းချက်နည်းစာအုပ်က အသီးအရွက်အမြစ်ကို ဘယ်လိုအရသာရှိအောင် ချက်ပြုတ်ရမလဲဆိုတဲ့အကြောင်းရေးထားတာ သမီးများများဖတ်သင့်တယ် .. တကယ်လို့အချိန်ရရင် သမီးရဲ့အစ်မဆီက ဟင်းချက်နည်းတွေ လေ့လာသင့်တယ်"

ရှောင်းယီ က မမော့ကြည့်ဘဲနှင့် စာမျက်နှာကိုလှန်လိုက်ပြီး ...

"အဲဒါက ဗုဒ္ဓဘာသာသဘောတရားနဲ့ ကွန်ဖြူးရှပ်ဝါဒတို့ရဲ့ ကိုးကားချက်တွေကို စာသင်သားတွေဖတ်ဖို့ စုစည်းထားတာ"

အမှန်မှာ ချက်ပြုတ်နည်းစာအုပ်မဟုတ်သောကြောင့် နန်းကွမ် ရှက်ကာ မျက်နှာရဲသွားပြီး ရှောင်းယီ ကို အလိုမကျစွာကြည့်လေသည်။

နန်းပေါင်ရီ ရယ်ချင်သော်လည်း မဝံ့ရဲသောကြောင့် မျက်နှာကို တစ်ဖက်လှည့်ကာ မရယ်မိစေရန် ထိန်းထားလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now