Part 29

5.5K 581 23
                                    

အပိုင်း (၂၉)

အလုပ်များသောကလေးမ

နန်းပေါင်ရီ မျက်နှာတွင် ရိုးသားမှုအပြည့်နှင့် ...

"ဘွားဘွား .. အဒေါ် ဝမ်း က ဘာကိုဆိုလိုတာလဲ သမီးအပေါ် ဆိုးဆိုးဝါးဝါးဆက်ဆံတဲ့သူတွေကို ပြန်ပြီးအာမခံရဘူးလို့တော့ မပြောနဲ့နော်"

"အဓိပ္ပါယ်မရှိတာ"

သခင်မကြီးက နန်းပေါင်ရီ နှာထိပ်ကိုအသာဖျစ်ညှစ်လိုက်ပြီး ...

"ဘွားဘွားရဲ့ ကျောင်းကျောင်း လေးကို အနိုင်ကျင့်တဲ့သူမှန်သမျှ ဘွားဘွားဘယ်သူ့ကိုမှ အလွတ်မပေးဘူး"

သခင်မကြီးက သခင်မ ဝမ်း ကို စိုက်ကြည့်ကာ ...

"ငါကြားတာကတော့ ရွှေစ ၁၂၀၀၀ တန်တဲ့ စုတ်တံကို မင်းရဲ့သမီးက ချိုးပစ်လိုက်တယ်ဆို .. ဒီလိုလုပ် တခြားပျက်စီးကုန်တာတွေနဲ့ ဆေးဖိုးတွေ ပေးစရာမလိုဘူး အဲဒီစုတ်တံတန်ဖိုးကိုပဲ လျော်ကြေးပေးလိုက် ကိစ္စကိုကျေအေးပေးမယ်"

ရွှေစ ၁၂၀၀၀

သခင်မ ဝမ်း စိတ်တိုကာ ယပ်တောင်ကိုဆုပ်ကိုင်လိုက်ပြီး နန်းရှောင်ချန့် ကို ကြည့်လိုက်သည်။ နန်းရှောင်ချန့် မှာလည်း ခေါင်းကိုငုံ့ထားပြီး မျက်ရည်များကျကာ အသက်ပင် အသံကျယ်ကျယ်မရှူရဲပေ။ သခင်မ ဝမ်း လေးစားမှုအပြည့်နှင့် ပြန်ပြုံးလိုက်ပြီး ...

"သခင်မကြီး ..."

"အမေမှားနေပြီ"

စူးရှက အနည်းငယ်ခက်ထန်နေသည့် မိန်းမတစ်ယောက်၏ အသံကို အပြင်ဘက်မှ ရုတ်တရက် ကြားလိုက်ကြရသည်။ နန်းပေါင်ရီ လှမ်းကြည့်လိုက်သည့်အခါ သူမ၏ အဒေါ် ၂က နန်းပေါင်ကျူး နှင့် အတူလာနေသည်ကို တွေ့လိုက်ရသည်။

အဒေါ် ၂မှာ ကိုယ်ရံတော်မိသားစုမျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် သူမတွင် ဩဇာအပြည့်နှင့် ကိုယ့်ကိုယ်ကို ယုံကြည်သည့် အငွေ့အသက်များ ရှိနေသည်။ အလုပ်ကိစ္စဆွေးနွေးခြင်းနှင့် မိသားစုကိစ္စဆိုင်ရာများတွင်လည်း သူမကိုင်တွယ်ဖြေရှင်းနိုင်ပြီး ရှူ တိုင်းပြင်တွင် နာမည်ကျော်ကြားသော မိန်းမတစ်ယောက်လည်း ဖြစ်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now