part 83

4.4K 433 7
                                    

unicode

အပိုင်း (၈၃)

မိန်းကလေးကိုဦးစားပေးသည့် အစ်ကို ရှောင်း

ရှောင်းယီ ၏ခန့်ညားသောမျက်နှာက ပို၍ရက်စက်သည့်ပုံပေါက်နေသည်။

"ငါမင်းကို ကွန်ဖြူးရှပ်ဝါဒစာပေလေးမျိုးနဲ့ ဂန္တဝင်ငါးပုဒ်ကူးခိုင်းထားတယ်လေ .. ဒီမှာဘာလုပ်နေတာလဲ"

နန်းပေါင်ရီ က အမှားမလုပ်ဘဲအဆူခံရသည်ဟုမှတ်ယူလိုက်ပြီး ...

"ကျန်းဆွေ့ဟန် က ညီမလေးကိုယ်တိုင်လုပ်ထားတဲ့ တည်သီးမုန့်တွေစားပစ်လိုက်တယ် ညီမလေးတောင် မစားရက်တာကို ... အစ်ကိုနှစ် ညီမလေးကိုကူညီပေးဦး"

ဒီတော့ အစားအသောက်ကိစ္စပါလား။

ရှောင်းယီ စိတ်အေးသွားပြီး ကလေးမလေးကိုင်ထားသော တည်သီးမုန့်များကို ကြည့်လိုက်သည်။

"ဘာဖြစ်လို့ ဒီမုန့်လုပ်ထားတာလဲ"

နန်းပေါင်ရီ က တည်သီးပင်ကို လက်ညှိုးထိုးပြကာ ...

"ညီမလေးတို့ခြံထဲက တည်သီးပင်တွေမှာ တည်သီးတွေအများကြီးသီးနေတယ်လေ .. အစ်ကိုလည်းအိမ်မှာရှိရင်စားချင်မှာပဲလို့ ညီမလေးတွေးလိုက်ပေမယ့် အစ်ကိုပြန်လာတာနောက်ကျတော့ တည်သီးတွေကို လတ်လတ်ဆတ်ဆတ်မစားရလိုက်မှာစိုးလို့ မုန့်လုပ်လိုက်တာ အချဉ်တွေတောင်စပ်ထားသေးတယ် ... အစ်ကို ၂ ပြန်လာရင် တည်သီးတွေအတူစားမယ်တွေးပြီး ညီမလေးမှာနေ့တိုင်းအလုပ်ရှုပ်နေခဲ့တာ .. ဒါပေမယ့် ကျန်းဆွေ့ဟန် က ခွင့်မတောင်းဘဲ အကုန်စားပစ်လိုက်တာ တစ်ခုပဲကျန်တော့တယ် .."

သူမ၏အားထုတ်မှုများ အလဟဿဖြစ်သွားသည်ဟု ခံစားနေရလောက်မည်။ ကလေးမလေးက မတရားသလိုခံစားနေရပြီး စကားပြောရင်းပင် ဒေါကန်လာသည်။

သူမသည် အလွန်သိမ်မွေ့ပြီး ရိုးသားလွန်းလှသည်။

ရှောင်းယီ က သူမလက်ထဲမှမုန့်ကိုယူကာ နှစ်ပိုင်းပိုင်းလိုက်ပြီး တစ်ပိုင်းကို နန်းပေါင်ရီ အားပေးလျက် ...

"အတူမျှစားကြတာပေါ့"

ရှောင်းယီ မှာ ဖရဲသီးနှင့်အခြားချိုသောမုန့်များကိုမကြိုက်သော်လည်း ထိုတည်သီးမုန့်သည် သူမကိုယ်တိုင်လုပ်ထားခြင်းဖြစ်သောကြောင့် သူမစိတ်မပျက်သွားစေရန် နည်းနည်းတော့စားပေးရမည်။

အာဃာတပြန်တမ်းWhere stories live. Discover now