part75

4.1K 469 5
                                    

unicode

အပိုင်း (၇၅)

သင်ပြတော့ ဘာဖြစ်လဲ

ယွိဝေ့ က ပြန်ဖြေလိုက်သည်။

"သခင်လေးက သခင်မလေးကို ချစ်တော့ သခင်မလေးကြိုက်တတ်တာလေးတွေ လုပ်ထားဖို့ ကျွန်မကိုပြောထားတာလေ"

နန်းပေါင်ရီ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ အမတ်လောင်းကြီးက သူမကို ထိုတမျှ ဂရုစိုက်သည်လား။ နန်းပေါင်ရီ စိတ်ထဲပျားရည်ကဲ့သို့ ချိုမြိန်ခြင်းကိုခံစားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။

သူမပြုံးပျော်နေစဉ် ဟယ်ယဲ့ က ငွေစာရင်းစာအုပ်များကို ယူလာပြီး ...

"သခင်မလေး .. ဒီနေ့ကို နွေဦးကျောက်စိမ်းခန်းမကိုသွားပြီး ငွေစာရင်းတွေစစ်မလို့ သူဌေး ဟန် နဲ့ ချိန်းထားတာ ရှိတယ်မလား ... လှည်းအဆင်သင့်ဖြစ်နေပြီ အိမ်တော်ကနေထွက်တော့မလား"

နွေဦးကျောက်စိမ်းခန်းမမှ ရလာသည့်အကျိုးအမြတ်များ၏ ၄၀ရာခိုင်နှုန်းကို လုပ်ငန်းကိုင်တွယ်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်သော ၆၀ရာခိုင်နှုန်းကို အညီအမျှခွဲယူမည်ဟု နန်းပေါင်ရီ နှင့် ဟန်ယန့်လျန် တို့ သဘောတူထားကြသည်။

နွေဦးကျောက်စိမ်းခန်းမသို့သွားပြီး သူမ၏ငွေစာရင်းစာအုပ်များယူရသည့်အချိန်သည် သူမ၏အပျော်ဆုံးအချိန်ဖြစ်သည်။

သူမတို့၃ယောက် ခြံရှေ့သို့ရောက်လာသည့်အခါ လှည်းမောင်းရသူမှာ ချန်ရှင်း ဖြစ်သော်လည်း လှည်းမောင်းသူက လှည်းပေါ်တွင် အရင်ဦးစွာရှိနှင့်နေသည်။

လှည်းမှူး ကျန်း က ပြုံးလျက် ...

"သခင်မလေး ၅ကို ခစားပါတယ် .. ရာသီဥတုက အေးလာတော့ မြင်းတွေလည်း စိတ်မာန်မကောင်းတော့ လူတွေကိုကန်မိတဲ့အခါ သခင်မလေးတို့ မကိုင်တွယ်နိုင်မှာစိုးတာကြောင့် အန္တရာယ်ကင်းအောင် ကျွန်တော်ကိုယ်တိုင် မောင်းနှင်ပြီး ပို့ဆောင်ပေးပါ့မယ်"

နန်းပေါင်ရီ မြင်းကို လှမ်းကြည့်လိုက်သည်။

သူမတို့မိသားစုမှာ အလွန်ချမ်းသာကြွယ်ဝသဖြင့် မြင်းလှည်းမှမြင်းကိုပင် အနောက်တိုင်းနိုင်ငံများမှ ဈေးကြီးပေးဝယ်ထားရသည့် အကြမ်းခံသန်စွမ်းသော မြင်းဖြစ်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now