part 119

3.8K 349 5
                                    

unicode

အပိုင်း (၁၁၉)

ရှောင်းယီက သူမကို သူ၏နောက်ကိုပို့ပြီး ကာကွယ်ပေးတယ်

နန်းပေါင်ရီသည် အသက်ရှူသံများ မမှန်ချင်တော့…

သူမရှေ့မှ အမတ်မင်းသည် အရပ်ရှည်ပြီး ကျန်းဒန်၏ အဝါရောင် ပန်းထိုးဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်လေးလုံးခန့် အထူရှိသည့် ရွှေခါးပတ်ကို ဝတ်ဆင်ထားပြီး ပန်းဖွား အမိတ်များဖြင့် လှပစွာ တန်ဆာဆင်ထားသည်။ အနီရင့်ရောင်ပေါ်မှာ မီးခိုးရောင် တိမ်လွှာအဆင် ပန်းထိုးထားသည့် ဝတ်ရုံရှည်ကို လွှားခြုံထားသည်။ ရွှေများ ကျောက်စိမ်းများ၏ အရည်အသွေးကဲ့သို့ လူတစ်ကိုယ်လုံးမှာ ချောမောကြည့်ကောင်းပြီး တော်ဝင်ဆန်နေသည်။

ဒီလို နူးနူးညံ့ညံ့ စိုက်ကြည့်နေခြင်းက နန်းပေါင်ရီ၏ နုနယ်သည့် နှလုံးသားလေးကို ခုန်လှုပ်စေသည်။ သူမသည် သူ့ကို သေချာမကြည့်ရဲတော့ပါချေ။

သူမ၏မျက်နှာက ရှုပ်ထွေးနေဟန်ရပြီး သေးငယ်သည့် လက်လေးတွေက ဝတ်စုံစကို ဆုပ်ချေနေသည်။ မျက်တောင်လေးတွေကလည်း အပြင်းအထန် တုန်ရီနေသည်။

သူမက အသက်ရှူသံ မမှန်တော့ဘဲ ‘ကျစ်’ ဆိုသည့် အသံပြုလိုက်သည်။ နူးညံ့လှပပြီး သစ်လွင်သည့် ပန်းထိုးဖိနပ်လေးက သူမ၏ ဝတ်ရုံလက်ထဲမှ ထွက်ကျလာသည်။

သူမသည် အလျင်အမြန် ကောက်လိုက်သော်လည်း ကံမကောင်းသည်က မျက်စိလျင်သည့် အစ်ကိုတစ်ယောက်က သူမရှေ့မှ လူအုပ်ထဲတွင် ရှိနေခြင်းပင်။

သူသည် သူ၏လက်မောင်းတွေကို မြှောက်လိုက်ပြီး “ညီအစ်ကိုတို့ ပန်းထိုးဖိနပ်က သူ့ ဝတ်ရုံလက်ထဲမှာ ရှိနေတာ၊ လာယူကြ”

ထိုအသံကိုကြားတော့ ယောက်ျားလေး အုပ်စုက ‘ဟေး’ခနဲအော်ပြီး ပြေးလာကြသည်။ သူတို့အားလုံးသည် ကြမ်းတမ်းသည့် ယောက်ျားလေးများ ဖြစ်ကြသည်။ ခုနက သူတို့စိတ်ဓါတ် ကျနေကြပြီး ဘယ်လိုစိတ်လောနေရလဲဆိုတာ ပြောမပြတတ်ပေ။ သူတို့သည် အခန်းထဲမှ သိပ်မထွက်တတ်သည့် အိမ်တွင်းပုန်း နန်းပေါင်ရီလို ကောင်မလေးကို ဂရုမစိုက်ကြဘဲ ပန်းထိုးဖိနပ်ကို သူမဆီမှ လုယူရန် ပြင်နေကြသည်။

အာဃာတပြန်တမ်းWhere stories live. Discover now