part 162

3.1K 334 5
                                    

Unicode

အပိုင်း (၁၆၂)
ရိုးသားခြင်း

ရှောင်းယီက သူမ၏ခေါင်းလေးကို ပုတ်လိုက်ပြီး အလင်းအလျင်နဲ့ ဆုန်းဟယ့်ခြံကနေ ပျောက်ကွယ် သွားတော့သည်။

တောင်တန်းနဲ့ မြစ်တွေ၏ ဝိသေသတွေကလည်း လေအေး၏ ရိုက်ခတ်မှု နဲ့အတူ လွင့်ပြယ် သွားကြသည်။

နန်းပေါင်ရီက သတိကြီးကြီး ထားပြီး လက်ချောင်းတွေကြားက ချောင်းကြည့် လိုက်သည့်အခါ ရှောင်းယီကို မတွေ့ရတော့ပါချေ။

သူမက သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

အဲ့ဒါက.. သူနဲ့အတူ ထပ်ပြီး စကားပြောချင်ပေမယ့် နှလုံးခုန်နှုန်း မြန်လာပြီး နီရဲလာသည့် မျက်နှာနှင့် ထူးဆန်းသည့် ခံစားချက်ကြီးကို ထပ်ပြီး မခံစားချင်တော့သော စိတ်ပြဿနာက လွန်ဆွဲနေသည်။

နောက်တစ်နေ့ မနက်စောစောမှာတော့…………..

ဟယ်ယဲ့က ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသည့် ဝတ်စုံတွေကိုကြည့်ရင်း ဆွံ့အသွားတော့သည်။

သူမက ဝတ်စုံတွေကို ကောက်ယူလိုက်ပြီး “မမလေး၊ ဒီနေ့ဝတ်ဖို့ ဝတ်စုံကို အစေခံတွေက မီးအိုးပေါ်က ထုတ်မပေးကြဘူးလား၊ ဘာလို့ မမလေးဘာသာ ဝတ်စုံတွေ အများကြီး ရွေးထားတာလဲ…. ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲပြီး ရှုပ်ပွနေတာပဲ၊ မသိရင် အိပ်ခန်းထဲကို သူခိုးဝင်ထားသလိုပဲ”

နန်းပေါင်ရီက ကြေးနီနဲ့ ခဲမဖြူ ရောစပ်ပြုလုပ်ထားတဲ့ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရှည်တဲ့ ကြေးမုံမှန်၏  ရှေ့မှာရပ်ပြီး နူးညံ့တဲ့ မိုးမခရောင် အပေါ်ဝတ်စုံကို လိုက်ဖက်မှုရှိမရှိ ကိုယ်မှာကပ် ကြည့်နေသည်။

သူမက မျက်နှာနီနီ ပျော့ပျောင်းသော လေသံဖြင့် “နင်ယူလာတဲ့ ဝတ်စုံက အရမ်းရိုးရှင်းနေတယ်၊ ငါ့အလှတွေ မပေါ်တော့ဘူး”

အမတ်မင်းက ပြောလိုက်တယ်၊ ဒီနေ့လှလှလေးဝတ်လာခဲ့တဲ့….

“မမလေးက ငယ်ငယ်ကထက် ပိုပြီး အလှအပကို ခုံမင်လာတယ်….”

အာဃာတပြန်တမ်းWhere stories live. Discover now