part37

4.7K 524 4
                                    

unicode
အပိုင်း (၃၇)

ပြိုင်ဘက်ကင်း သခင်မလေး နန်း (၁)

"ရောက်လာပြီ သူရောက်လာပြီ ... နန်း မိသားစုရဲ့ဘသခင်မလေး ၅ ရောက်လာပြီ"

လူအုပ်ကြီးမှာ ရုတ်တရက်တက်ကြွသွားလေသည်။ နွေဦးရာသီပန်းပွဲတော်မှာ အလွန်ခမ်းနားကြီးကျယ်ပြီး ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသော မိန်းကလေးတို့မှာ ပင်ကိုစွမ်းရည်ရှိကြပြီး အလွန်လှပကြသည်။ နန်းပေါင်ရီ က ပြိုင်ပွဲတွင် ပါဝင်မည်ဟု ကြေညာပြီးသည့်အချိန်မှစ၍ လူအများက သူမကိုလှောင်ရယ်ရန် စောင့်စားနေကြခြင်းဖြစ်သည်။

ထို့အပြင် နန်း အိမ်တော်မှ မိန်းကလေးများသည် ငွေကလွဲ၍အခြားမသိသေးသော ညံ့ဖျင်းသည့်မိန်းကလေးများဖြစ်သည်ကို ကျင်ကွမ်း တစ်မြို့လုံး မသိသူမရှိပေ။

နန်းယန် နှင့် ရင်းနှီးကြသောမိန်းကလေးများက ပြုံးလိုက်ပြီး ...

"နန်းပေါင်ရီ က တကယ်လာရဲသေးတယ်နော် .. သူရူးများရူးနေတာလား"

"ငါကြားတာကတော့ နန်း အိမ်တော်က မိန်းကလေးတွေထဲမှာ ယန်အာ ကလွဲလို့ ဘယ်သူမှ စာအုပ်ကိုထိတောင်မထိဖူးဘူးတဲ့ အနုပညာလေးရပ်ဆို ပိုဝေးသေးတယ် ... နန်းပေါင်ရီ က ကိုယ့်အရှက်ကိုယ်ခွဲတာ ငါနားမလည်နိုင်ဘူး"

နန်းယန် ပျော်သွားပြီး လက်ကိုင်ပုဝါကိုကိုင်ကာ ပြုံးလိုက်သည်။

"သခင်မ ချန်း ကို စိတ်ကျေနပ်အောင်လုပ်မလို့နေမှာပေါ့"

"အို ဟုတ်သား ... သူက ဘုရင်ခံရဲ့ ချွေးမလောင်းပဲ"

ကြွယ်ဝသောလူကုံထံတစ်ဦး သမီးဖြစ်သူ ရှချင်ချင် က မနာလိုဝန်တိုဟန်နှင့် ပြောလေသည်။

"သခင်လေး ချန်း က ပါရမီအထုံပါပြီး ရုပ်ရည်လည်းရှိ ကိုယ်ကျင့်တရားလည်းကောင်းတယ်လို့ ကြားတယ် အခု ရှန်ကျင်း မြို့မှာ ပညာသင်ယူနေတယ်တဲ့ ... နန်းပေါင်ရီ က ကံကောင်းလိုက်တာ ဘာမှမသိဘဲနဲ့လည်း သူနဲ့ လက်ထပ်ရတယ် .. ယန်အာ ကမှ သူ့ထက် ပိုလှပြီး ထက်မြက်တာကို မိသားစုကောင်းနဲ့ လက်မထပ်နိုင်တာ စိတ်မကောင်းလိုက်တာ ယန်အာ ရယ်"

အာဃာတပြန်တမ်းOù les histoires vivent. Découvrez maintenant