part 71

4.6K 453 16
                                    

unicode

အပိုင်း (၇၁)

နှုတ်ဆက်အနမ်း

ရှောင်းယီ မတ်မတ်ထိုင်ကာ သူတို့နှစ်ယောက်ကိုကြည့်လိုက်သည်။

အလွန်ဆိုးဝါးသောပုံပြင်က ရောင်း၍ရမည်လား။ ရယ်စရာကောင်းလှသည်။

ကျင်ကွမ်း မြို့သို့ပြန်ရောက်လာကြသည့်အချိန်တွင် နေဝင်လုနီးနီးဖြစ်နေသည်။

သခင်မကြီးက အလွန်ပျော်ရွှင်စွာဖြင့် နန်းပေါင်ရီ ကို ဖက်ကာ ကြိုဆိုသည့်အပြင် သူမကို ချီးမွမ်းပြောဆိုပြီးနောက် ရွှေစများစွာကို ဆုချပေးလေသည်။

အဒေါ် ကျိ က ပြုံးလိုက်ပြီး ...

"သခင်မလေး ၅မသိလို့ .. ပိုးစာပင်တွေကြောင့် သခင်မကြီးစိတ်ပူပြီး နေမကောင်းလည်းဖြစ်သွားသေးတယ် .. သခင်မလေးက ပြေလည်အောင်ဖြေရှင်းပေးလိုက်တော်သေးတာပေါ့"

"ဘွားဘွား နေမကောင်းဘူးလား"

နန်းပေါင်ရီ ထိတ်လန့်ကာ စိုးရိမ်တကြီးနှင့် ...

"ဆရာ ကျန်း .. ဘွားဘွားကိုစစ်ဆေးပေးပါဦး"

ကျန်းဆွေ့ဟန် က သခင်မကြီး၏ သွေးခုန်နှုန်းကို စမ်းကြည့်ကာ ပြုံးလိုက်ပြီး ...

"ထွေထွေထူးထူးမရှိပါဘူး .. သခင်မကြီး ၁၀နှစ်ကျော်အောင် စည်းစိမ်ခံစားလာခဲ့လို့ လှုပ်လှုပ်ရှားရှားမရှိတော့ ဓါတ်လွန်ပြီး ရောဂါ၃မျိုးဖြစ်ဖို့ လက္ခဏာစပြနေတာပါ"

"ရောဂါ၃မျိုး ?"

"အဆီလွန်ကဲတာ၊ သွေးတိုးတာနဲ့ သွေးချိုဖြစ်တာ"

အခြားသူများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သခင်မကြီးက ...

"ရှု တိုင်းပြည်ရဲ့ ဆန်းကြယ်တဲ့သမားတော် ပီသပါပေတယ် .. အဲဒီစကားလုံးတွေကို ပြန်ရှင်းပြပေးပါ"

"ဒီလိုဆိုရင်ရော .. သခင်မကြီးကို လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းတွေ ကျွန်တော်သင်ပြပေးမယ် .. တကယ်လို့ ဘာမှအလုပ်မရှိတဲ့အခါမျိုးဆိုရင် များများလေ့ကျင့်ပြီး ချွေးများများထွက်အောင်လုပ်ရမယ် .. ဒါမှ သွေးလည်ပတ်တာကောင်းမွန်လာပြီး ခန္ဓာကိုယ်ကြွက်သားတွေလည်း ပိုပြီးသန်မာလာမှာ ဒါဆိုရင် ပိုပြီးအသက်ရှည်တာပေါ့"

အာဃာတပြန်တမ်းWhere stories live. Discover now