Part 57

4.8K 510 3
                                    

unicode

အပိုင်း (၅၇)

နမ်းရှိုက်လိုစိတ်

နန်းပေါင်ရီ ၏ သူငယ်အိမ်လေးများမှာ ကြောင်လေးတစ်ကောင်သဖွယ် ပြူးကျယ်သွားလေသည်။

ရှောင်းယီ ကို သူမ တွန်းထုတ်ကာ ပါးစပ်ကိုလက်ဖြင့်ကာပြီး နောက်သို့အမြန်ဆုတ်လိုက်သည်။

"အစ်ကို .. ရှင်..ရှင် ..."

ရှောင်းယီ က အိ‌‌န္ဒြေမပျက် မပြုံးမရယ်မျက်နှာထားနှင့်ပင် ...

"ငါက မင်းအစ်ကိုလေ ရှက်စရာရှိလို့လား .. စုန့်ရှစ်နင် လည်း မင်းကိုနမ်းဖူးတာပဲ ဟုတ်တယ်မလား"

နန်းပေါင်ရီ စိတ်ထဲ တွေဝေသွားသည်။

စုန့်ရှစ်နင် က သူမကို နမ်းဖူးသော်လည်း ပါးကိုသာနမ်းခြင်းဖြစ်သည်။ ရှောင်းယီ နမ်းသကဲ့သို့ မဟုတ်ပေ။

သူမရှင်သန်ခဲ့သည့် ဘဝနှစ်ခုလုံးတွင် ယောက်ျားလေးတစ်ယောက်ထံမှ  နှုတ်ခမ်းကိုအနမ်းခံရခြင်းမှာ ပထမဆုံးဖြစ်သည်။

သူမ၏ပါးပြင်များ ချက်ချင်းပန်းရောင်သန်းသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ...

"ဒါ...ဒါပေမယ့် ... ဒါပေမယ့်လည်း အခုက မသင့်လျှော်ဘူးလေ ..."

ရှောင်းယီ က ပုံစံမပျက် ခပ်တည်တည်ရှိနေလျက်ပင်။

သူကိုယ်တိုင်လည်း မသင့်‌လျှော်မှန်းသိသော်လည်း သူမ၏သေးငယ်သော နှုတ်ခမ်းပါးလေးကိုမြင်ပြီးနောက် မနမ်းဘဲ မနေနိုင်တော့ပေ။

ရှောင်းယီ စိတ်ဆိုးမာန်ကိုဖုံးကွယ်ပြီး သူမကို ပွေ့ဖက်ရန် ကြိုးစားသော်လည်း ‌ကလေးမလေးက ကြောက်လန့်စွာ ရှောင်ပြေးနေသည်။

နန်းပေါင်ရီ က ကျနေသောအင်္ကျီလက်စကို ဆတ်ခနဲဆွဲပြီး စိတ်လှုပ်ရှားစွာဖြင့် မျက်လွှာချမိသည်။

"ညီမ ... ညီမလေးဘာသာ လမ်းလျှောက်မယ် ..."

"မက်မွန်တောထဲ ပြေးတုန်းက မင်းချော်လဲထားတယ်လေ ... လမ်းလျှောက်ရင် နာနေလိမ့်မယ်"

ရှောင်းယီ လေးနက်စွာပြောလေသည်။

နန်းပေါင်ရီ ထိုင်ချလိုက်ပြီး သူမဝတ်ထားသော ဝတ်ရုံကို ဂရုတစိုက်မတင်လိုက်သည့်အခါ သိမ်မွေ့နူးညံ့သော ဒူးခေါင်းပေါ်တွင် ပွန်းပဲ့ရာတစ်ခုက အထင်းသားရှိနေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now