အပိုင်း (၃၀)
ငါမင်းကို အနိုင်ယူလို့လား
အခန်းထဲရောက်သောအခါ နန်းပေါင်ရီ သည် အမွှေးနံ့သာများနှင့်
ရေချိုးသန့်စင်လိုက်ပြီးသည်နှင့် သူမအိပ်ရာထက် တိတ်ဆိတ်စွာလဲလျောင်းလိုက်ပြီး
ခေါင်းအုံးကိုပိုက်ထားကာ မျက်လုံးတို့မှာလည်း နီရဲနေသည်။
သူမစိတ်ပိုင်းဖြတ်ကာ စာပေအနုပညာကို သေချာအစဉ်တစိုက်လေ့လာရန်
ဆုံးဖြတ်ထားပြီးသော်လည်း ဥယျာဉ်ထဲတွင် အလွန်ကျက်သရေမဲ့သော
ကိစ္စတစ်ခုဖြစ်ခဲ့ရသည်။ အစေခံတို့မှာ သူမကို လှောင်ပြောင်ရယ်မောကြတော့မည်။
ရှောင်းယီ အခန်းထဲဝင်လာချိန် ကလေးမလေးမှာ
လိုက်ကာများနှင့်ခြားထားပြီး သူမညဝတ်အတွင်းအင်္ကျီလေးမှာ
အိပ်ရာအပြည့်ပြန့်ကားနေပြီး သူမ၏ရှည်လျားနက်မှောင်သော ဆံနွယ်တို့မှာ
စိုစွတ်နေပြီး အောက်ကျချထားကာ လက်နှစ်ဖက်ကို ဖြန့်ချထားသဖြင့် သူမ၏
သေးငယ်သော လက်ကောက်ဝတ်လေးကို တွေ့မြင်နေရသည်။
ဟယ်ယဲ့ က အခန်းအပြင်တွင်ရပ်ကာ သူမ၏သခင်မလေးကိုကြည့်ရင်း ရယ်ချင်လာမိ
သော်လည်း မဝံ့ရဲသဖြင့် မရယ်မိစေရန် ထိန်းနေရသည်။
သူမက ရှောင်းယီ ထံ တဘက်ပဝါကိုကမ်းပေးလိုက်ပြီး ...
"သခင်မလေးက သူ့အတွက် အရှက်ရစရာတစ်ခု ဖြစ်ခဲ့ရလို့ အတော်ရှက်နေပြီး
ဘယ်သူကိုမှအဝင်မခံတဲ့အပြင် အလုပ်အကျွေးလည်း မပြုခိုင်းမပါဘူး"
ရှောင်းယီ တဘက်ကိုယူလျက် အထဲသို့ဝင်သွားပြီး အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။
"ထတော့"
နန်းပေါရီ သုန်မှုန်စွာ ခေါင်းခါလိုက်ပြီး ..
"မထချင်ဘူး"
ရှောင်းယီ လက်ကိုဆန့်ပြီး သူမလက်ကောက်ဝတ်ကိုကိုင်လိုက်သောအခါ နန်းပေါင်ရီ
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...