Part 194

2.9K 292 1
                                    

Unicode
အပိုင်း (၁၉၄)
နန်းကျောင်းကျောင်း၏ မွေ့ရာအောက်မှာ ငွေလက်မှတ်တွေ ဖွက်ထားတာကို တွေ့တယ်

နန်းပေါင်ရီက ရှောင်းယီကို ကြည့်လိုက်သည်။

သူက လှတယ်လို့ ပြောပေမယ့်……

ကောင်မလေးက မျက်ခုံးတွေကို အနည်းငယ်ကုတ်၍ ပါးပြင်ပေါ်က ပွင့်ချပ်တွေကို ဖယ်လိုက်ပြီး မနှစ်သက်ဟန်နဲ့ “ပွင့်ချပ်တွေမှာ အစ်ကို ၂ ရဲ့ တံတွေးတွေချည်းပဲ၊ အရမ်းညစ်ပတ်တာပဲ”

ရှောင်းယီက ချော့လိုက်သည်။

“ပွင့်ချပ်တွေက အပေါ်ယံပါ။ ရှေးတုန်းကတည်းက အလှကုန်အဖြစ် သုံးလာကြတာပဲ၊ ကျောင်းကျောင်းက ငယ်သေးပြီး စာတွေ သိပ်မဖတ်ဖူးသေးလို့ နားမလည်သေးတာ”

နန်းပေါင်ရီက မျက်နှာကို လက်ကိုင်ပဝါနဲ့ သုတ်လိုက်သည်။ သူမမှာ ဗဟုသုတတွေ အများကြီး မရှိပေမယ့် ဒီနှစ်အတွင်းမှာ သူမ စာအုပ် နှစ်ရာ၊ သုံးရာလောက်ကို ဖတ်ပြီးပြီဖြစ်သည်။ သူမ ဘယ်တုန်းကမှ ပွင့်ချပ်အပေါ်ယံကို မကြားဖူးခဲ့ပါချေ။

အမတ်မင်းက သူမကို လာလိမ်နေသည်။

သူမက ဂုဏ်ယူဝံ့ကြွားစွာနဲ့ “ညီမလေးက ဆယ့်သုံးနှစ်ရှိနေပြီ၊ ကလေး မဟုတ်တော့ဘူး၊ ညီမလေးက ခန္ဓာကိုယ်ကြီးကြီးနဲ့ လူသိများတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ချင်တာ၊ အဲ့ဒါကြောင့် အစ်ကို ၂ ပြောတာကို ဂရုမစိုက်တော့ဘူး”

ဗိုက်….. ကြီး

ရှောင်းယီက သူမ၏ဗိုက်ကို ကြည့်လိုက်သည်။ သူမ၏ ကိုယ်ပေါ်မှာ ယုန်မွေးဝတ်စုံနဲ့ ဖုံးအုပ်ထား တာကြောင့် ကောင်မလေးက သေးငယ်ပြီး ပျော့ပျောင်းနေသည်။ သူက ရုတ်တရက် ထိကိုင်ချင်စိတ် ပြင်းပြင်းပြပြ ပေါ်လာရသည်။ သို့သော်လည်း သူထိန်းချုပ်လိုက်နိုင်သည်။

အထီးကျန်နေသည့် လမင်းက ကောင်းကင်မှာ တစ်ကိုယ်တည်း ထွန်းလင်းနေသည်။ နှင်းတွေကလည်း ရှင်းလင်းနေသည်။

အရှေ့ခြံက စိတ်လှုပ်ရှားစရာ ပွဲကတော့ တဖြည်းဖြည်းနဲ့ လွင့်ပါးသွားတော့သည်။ အစေခံတွေကလည်း သူတို့၏ အိပ်ခန်းတွေဆီသို့  နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ပြန်ကုန်ကြပြီ။ ညက တဖြည်းဖြည်း နက်လာသည်။

အာဃာတပြန်တမ်းWhere stories live. Discover now