unicode
အပိုင်း (၅၅)သူရှိလျှင် သိတတ်ရန်မလိုပါ
အလွန်အရေးကြီးသည့်အရာဟု ထင်ရသော်လည်း ထိုအရာကို ပြန်စဉ်းစား၍မရတော့ဘဲ နန်းပေါင်ရီ မေ့သွားခဲ့သည်။
ဂရုမစိုက်နိုင်တော့ပါ။
ရှောင်းယီ ကို ဝမ်းနည်းစွာပွေ့ဖက်ရင်း ...
“အစ်ကို ၂ .. ညီမလေးအရမ်းမူးပြီး အိပ်ချင်နေတယ်"
ရှောင်းယီ က အခန်းထဲပြန်အိပ်ရန် ပြောချင်သော်လည်း ကလေးမလေးက မျက်ခွံများကို မှိတ်ထားနှင့်ပြီးနေသည်။
သူမ၏ မေးစေ့လေးက သူ့ပခုံးပေါ်တွင်မှီနေသည်။ ထို့အပြင်အိပ်နေချိန်တွင်လည်း နှုတ်ခမ်းကို အနည်းငယ်စူပုံမှာ သူ့ကိုနမ်းတော့မည်အလားပင်။
သူတုံ့ပြန်လိုက်သင့်လား။
ရှောင်းယီ တွေးနေစဉ် ရှီးခူ က ပြတင်းပေါက်သို့ နောက်ပြန်ချိတ်ဝင်ကာ ရုတ်တရက်ရောက်လာသည်။
"သခင်လေး အကြီးဆုံးသခင်မလေးနန်းတစ်ခုခုဖြစ်တော့မယ်"
ရှောင်းယီ ဘာမှမပြောရသေးခင်မှာပင် နန်းပေါင်ရီ က ထိတ်လန့်တကြား မျက်လုံးဖွင့်လိုက်သည်။ သူမမျက်ဝန်းများက ကြည်လင်နေပြီး မူးဝေနေခြင်း လုံးဝမရှိပေ။
"ဘာဖြစ်တာလဲ"
"ကျန်း မိသားစုက မင်္ဂလာကိစ္စအငြင်းခံလိုက်ရလို့ အရှက်တကွဲဖြစ်နေတုန်း ကျန်းယွမ့်ဝမ် ရဲ့ ညာလက်ကလည်း သုံးစားမရဖြစ်သွားတော့ လက်စားချေချင်နေတယ်ထင်တယ် .. အဲဒါတစ်ခုခုလျှို့ဝှက်ကြံစည်ထားတယ် .. ပထမသခင်မလေးနန်းရဲ့ဖြူစင်မှုနဲ့ဆိုင်တဲ့ကိစ္စမျိုးဖြစ်လောက်တယ်"
"အခု မမ ဘယ်မှာလဲ"
"တောင်အနောက်ခြမ်းက ဆီးနှင်းတော ခန်းမမှာ"
နန်းပေါင်ရီ စံအိမ်ထဲမှ ချက်ချင်း ပြေးထွက်သွားခဲ့ပြီး မက်မွန်တောတစ်လျှောက် အရှိန်နှင့်ပြေးထွက်သွားသော သူ့ကို ရှောင်းယီ လည်း ကြည့်နေခဲ့သည်။
မိသားစုပျက်စီးသည့်အိပ်မက်ဆိုးမက်ဖူးသည်ဟု သူမပြောဖူးသည်ကို သတိရလိုက်သည်။ အိပ်မက်မှ နိုးထလာကတည်းက ထင်ရာစိုင်းတတ်သောသူမသည် စဉ်းစားချင့်ချိန်တတ်ပြီး ကြိုးစားသောသူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...