part 91

4.3K 456 2
                                    

unicode

အပိုင်း(၉၁)

ရှောင်းယီက အရမ်း ချဉ်းကပ်ရခက်တယ်

နန်းပေါင်ရီသည် သူမ၏ မိုးမခကိုင်းလို လှပသည့် မျက်ခုံးအစုံကို ပင့်မိသွားသည်။

‘အမတ်မင်းမှ ဟုတ်၏လား? အရင်က အရမ်းကြမ်းတမ်းသည့် သူက ဒီလိုမျိုး လုပ်ပေးပါ့မလား’

သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး သူယူလာသည့် ဟင်းပွဲများ၊ အရံဟင်းများနှင့် အချိုပွဲတွေပါ ထည့်ထားသော အစားအသောက်ဘူးကို ဖွင့်လိုက်သည်။

ဘူး၏ ပထမဆင့်တွင် ပန်းပွင့်ပုံစံ ပုံဖော်ထားသည့် နူးညံ့သော ကိတ်မုန့်လေးများရှိပြီး ဒုတိယအဆင့်မှာတော့ သူမကြိုက်သည့် အသားလုံးများနှင့် ပုစွန်ဖက်ထုပ်များ ရှိသည်။ ဂဏန်းနှင့် ဟင်းသီးဟင်းရွက်ဆီ အစပ်ကို တတိယဆင့်၌ ထည့်ထားပြီး စတုတ္ထဆင့်မှာတော့ အရသာရှိသည့် ဘဲသားစွပ်ပြုတ်ကို တွေ့ရသည်။ အရမ်းကောင်းမွန်သည့် ညစာတစ်ပွဲပင်။

သူမမှာ ပင့်ထားသည့် မျက်ခုံးတွေကို ပြန်မချနိုင်တော့သော်လည်း တဒင်္ဂပြုံးလိုက်မိသည့် အပြုံးကိုတော့ ပြန်လည် ထိန်းချုပ်လိုက်သည်။ သူမသည် ရှောင်းယီကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ညီမလေး တစ်ယောက်တည်း ဒါတွေကို အကုန်စားနိုင်မှာ မဟုတ်ဘူး၊ အစ်ကို ၂ လည်း စစ်တန်းလျားက အခုမှ ပြန်ရောက်တာဆိုတော့ အတူတူ စားရအောင်လေ”

ညစာအတူ စားပြီးသည့် အခါမှာတော့ သူတို့နှစ်ယောက်၏ အခြေအနေက ပို၍ ကောင်းမွန်လာသည်။

ညနေဆည်းဆာက တဖြည်းဖြည်း အလင်းရောင် လျော့ကျလာနေပြီး ညဦးပိုင်းသို့ ကူးပြောင်းလုပြီ။ ရှောင်းယီသည် မီးအိမ်ကိုထွန်းလိုက်ပြီး တိုးဖွဖွ ပြောလိုက်သည်။

“ငါဒီည လုပ်စရာ ကိစ္စတွေ မရှိဘူး၊ မင်းနဲ့အတူ စာဖတ်ကြမယ်”

နန်းပေါင်ရီ ပျော်ရွှင်သွားသည်။ စာဖတ် ဝါသနာကြီးသည့်သူမို့  စာအုပ်များက သူမ၏ စာအုပ်စင်ပေါ်တွင် အစီအရီ။ သူမသည် အဖုံးလှလှနှင့် စာအုပ်တစ်အုပ်ကို ယူပြီး ရှောင်းယီကို ပေးလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now