Part 31

5.4K 565 3
                                    

အပိုင်း (၃၁)

အမတ်လောင်း စိတ်တိုသွားပြီ

နန်းပေါင်ရီ မျက်ရည်များဝဲလာပြီး ...

"ဒါဆိုရင် အဝတ်အစားလဲဖို့နဲ့ ကစားဖို့အချိန်မရှိတော့ဘူးပေါ့"

"မင်း နန်းယန် ထက် ပိုမတော်ချင်ဘူးလား"

နန်းပေါင်ရီ ဝမ်းနည်းစွာ နှုတ်ခမ်းကိုကိုက်လိုက်သည်။ သေချာပေါက် နန်းယန် ထက် ပိုတော်ချင်တာပေါ့၊ သူမ၏စိတ်ထဲမှာပင် နန်းယန် ထက် သာလွန်စေရမည်ဟုသာ အမြဲတွေးနေသည်။

သို့သော် အချိန်စာရင်းက အလွန်တင်းကျပ်လှသဖြင့် သူမကိုမရပ်တည်နိုင်အောင် လုပ်နေသကဲ့သို့ပင်။ ရှောင်းယီ ကို လက်ဖက်ရည်ထပ်ငှဲ့ပေးရင်း နန်းပေါင်ရီ မျက်နှာလိုမျက်နှာလုပ်ကာ သူမဆံပင်ကို အသာလိမ်လျက် ...

"အစ်ကို ၂ ... ညီမလေးကို အချိန်၂ရက်လောက် ပြင်ဆင်ချိန်ပေးလို့ရမလား အိပ်ရေးဝဝအိပ် ကောင်းကောင်းနားပြီးမှ စာစလေ့လာမယ်လေ ... ဆိုရိုးတစ်ခုရှိတယ်မလား ထက်တဲ့ဓါးက ပြတ်ရှလွယ်တယ် .. မြင်းကောင်းလိုချင်ရင် အဲဒီမြင်းကို ကောင်းကောင်းမွန်မွန် ကျွေးမွေးရတယ်တဲ့"

ရှောင်းယီ လည်း မဲ့ပြုံးပြုံးကာ စာရွက်ကို အညှာအတာမရှိ တစ်စစီဖြဲပစ်လိုက်တော့သည်။

"ဒါဆိုလည်း လုပ်စရာမလိုတော့ဘူး"

အမတ်လောင်း ဒေါသထွက်သွားပြီ ! နန်းပေါင်ရီ လည်း အလန့်တကြားဖြစ်ကာ ရှောင်းယီ ကို အမြန်တားလိုက်သည်။

"မဖြဲနဲ့ မဖြဲနဲ့ .. ညီမလေးစာလုပ်ပါ့မယ် လုပ်ပါ့မယ် .. ဒါဆို ရပြီမလား"

"ကွန်ဖြုးရှပ်ရဲ့အတွေးအခေါ်ကို အရင်ဖတ် ... ပြတင်းပေါက်နား သွားရပ်ပြီးဖတ်"

နန်းပေါင်ရီ စာအုပ်ကိုပိုက်ပြီး ပြတင်းပေါက်နားသွားရပ်ကာ ပထမဆုံးစာမျက်နှာကို စိတ်မပါစွာ လှန်လိုက်သည်။

ရှောင်းယီ ကို ဝမ်းနည်းစွာလှည့်ကြည့်လိုက်သော်လည်း ရှောင်းယီ က ပြုံးပြလိုက်သည်။ နန်းပေါင်ရီ တိတ်ဆိတ်စွာ အရှေ့ကိုပြန်လှည့်ကာ ပထမစာကြောင်းကို အားလျော့ကာ ကြည့်လိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now